ဖေဖော်ဝါရီ ၁ ရက်က သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ပွဲစဉ်သည် ဂိုးမရှိ သရေကျခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ဒဂုံစတားယူနိုက်တက်အသင်းနှင့် သရေကျခဲ့သော်လည်း ရမှတ် ၅၀ မှတ်ဖြင့် အဆင့် ၁ တွင် ဆက်လက်ရပ်တည်နေသည်။ ဒဂုံစတားယူနိုက်တက်အသင်းသည် ရမှတ် ၃၇ မှတ်ဖြင့် အဆင့် ၄ တွင် ရပ်တည်နေသည်။ ရှမ်းယူနိုက်တက်အသင်းသည် လာမည့်အပတ်တွင် ISPE အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်ပြီး ဒဂုံစတားယူနိုက်တက်အသင်းသည် မဟာယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။