Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-19)ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖဝါရီ ၉ရက်ယနေ့ညနေက သုဝဏ္ဏဘောလုံးကွင်း၌ သစ္စာအားမာန်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ကစားခဲ့ကြပြီး ယင်းပွဲတွင်AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရခိုင်ယူနိုက်တက်အသင်းမှ တိုက်စစ်မှူး Steve Mbargo Mvando ကရရှိခဲ့သည်။
သစ္စာအားမာန်အသင်းနှင့်ရခိုင်ယူနိုက်တက်အသင်းတို့ပွဲတွင် ရခိုင်ယူနိုက်အသင်းက ၁-၃ဂိုးဖြင့်အနိုင်ရခဲ့ပြီး Mbargo သည်အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူဆုငွေကျပ်သုံးသိန်းရရှိခဲ့ပြီး AYA Pay Man of the Match အထိမ်းအမှတ်ဆုတံဆိပ်နှင့်ဆုငွေကျပ်သုံးသိန်းကိုသစ္စာအားမာန်အသင်းဒုဥက္ကဠ ဦးရဲမင်းသူကဆုချီးမြှင့်ခဲ့သည်။
ထို့အတူ ဟက်ထရစ်ဘောလုံးဆုကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ချီးမြှင့်ပေးခဲ့သည်
AYA Pay Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်း အစီအစဉ်ကို မြန်မာနေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထားသည်။