ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေက သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ဒဂုံပေါ့အသင်းနှင့် သစ္စာအားမာန်အသင်းတို့ပွဲတွင် သစ္စာအားမာန်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
သစ္စာအားမာန်အသင်းအတွက် ဂိုးများကို ပွဲချိန် ၁၇ မိနစ်တွင် အောင်ထွန်းထွန်း၊ ၄၅+၁ မိနစတွင် မင်းမော်ဦးတို့က သွင်းယူပေးခဲ့ပြီး ဒဂုံပေါ့အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၃၄ မိနစ်တွင် မစ်ချယ်က သွင်းယူပေးခဲ့သည်။ သစ္စာအားမာန်အသင်းသည် ယနေ့နိုင်ပွဲပြန်လည်ရခဲ့သည့်အတွက် ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၈ သို့ ယာယီတက်ရောက်နိုင်ခဲ့ပြီး ရာသီကုန်တွင် တန်းမဆင်းရရန် သေချာခဲ့ပြီဖြစ်သည်။