Features

2025 MNL League Cup ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် ရန်ကုန်ယူနိုက်တက်

By fridaythihazaw

July 15, 2025

MNL League Cup 2025 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင် ၆ ရက် ညနေက သုဝဏ္ဏကွင်း၌ ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ချန်ပီယံဆုဖလားကို ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း ချန်ပီယံဖြစ်စေမည့် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၄ မိနစ်တွင် Aoto Saito က သွင်းယူပေးခဲ့သည်။ ပြိုင်ပွဲတွင် ပထမဆုရခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းကို ချန်ပီယံဆုဖလားနှင့်အတူ ဆုငွေကျပ် သိန်း ၃၅၀ ချီးမြှင့်ခဲ့ပြီး ဒုတိယရခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို တစ်ဦးချင်း ငွေတံဆိပ်ဆုများနှင့်အတူ ဆုငွေကျပ် သိန်း ၂၀၀ ချီးမြှင့်ခဲ့သည်။ ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဆုကို ဒဂုံစတားယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေး က သွင်းဂိုး ခုနစ်ဂိုးဖြင့် ရရှိခဲ့သည်။