Features

မြဝတီအသင်းသည် Chinland ၏ ချန်ပီယံဆုကို လုယူနိုင်စွမ်းရှိသည့် အသင်းဟု Chinland အသင်းနည်းပြ ပြော

By fridaythihazaw

July 31, 2025

လာမည့် ဩဂုတ် ၃ ရက်တွင် စတင်မည့် မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲအတွက် Chinland အသင်းသည် ရာသီကြို ခြေစမ်းပွဲ လေးပွဲ ကစားထားသည်။ Chinland အသင်းသည် ခြေစမ်းပွဲ လေးပွဲတွင် ISPE အသင်းကို နှစ်ဂိုး တစ်ဂိုး၊ မြဝတီအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားပြီး ဒဂုံစတားယူနိုက်တက်အသင်းကို လေးဂိုး တစ်ဂိုး၊ ရန်ကုန်ယူနိုက်တက် ယူ-၂၁ အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးခဲ့သည်။

ယခုနှစ် လိဂ်-၂ ဘောလုံးရာသီတွင် မြဝတီအသင်းသည် Chinland အသင်း၏ ချန်ပီယံဆုဖလားကို လုယူနိုင်စွမ်းရှိသည့် အသင်းတစ်သင်းဖြစ်ကြောင်း၊ Chinland အသင်းအနေဖြင့် ပြိုင်ပွဲကစားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အသင်းနည်းပြချုပ် U KB SIANG CUNG LIAN က ပြောခဲ့သည်။Chinland အသင်းသည် မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲဦးထွက် ပွဲစဉ်အဖြစ် လာမည့် ဩဂုတ် ၄ ရက်၊ ညနေ (၃:၃၀) ပဒုမ္မာကွင်းတွင် YB United အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။