Features

သွင်းဂိုးများနှင့်အတူ AYA Pay အကောင်းဆုံးဆု ရရှိခဲ့သည့် ဒဂုံစတားယူနိုက်တက် တောင်ပံတိုက်စစ်မှူးဈာနေယျသူ ရရှိ

By fridaythihazaw

August 25, 2025

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ် တစ်ပွဲ အဖြစ် ဩဂုတ် ၂၄ ရက်(ယနေ့)၊ ညနေက သီဟဒီပ(သန်လျင်)ကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို တောင်ပံတိုက်စစ်မှူး ဈာနေယျသူ က ရရှိခဲ့ သည်။ရမညယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် ဈာနေယျသူသည် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းပေးခဲ့ပြီးအကောင်းဆုံး ခြေစွမ်းပြခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။ဈာနေယျသူသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆု တံဆိပ်နှင့် ဆုငွေကျပ်တို့ကို ဒဂုံစတားယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးတင်မိုးနိုင်က ချီးမြှင့် ပေးခဲ့သည်။Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။