Myanmar Women League ဘောလုံးပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ISPE အသင်းသည် အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိသဖြင့် 2025-26 အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီဖြစ်သည်။