ကျင်းပလျက်ရှိသည့် MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲသည် (Week-22) အထိ ကစားပြီးခဲ့ပြီး (Week-26) တွင် ပြိုင်ပွဲပြီးဆုံးမည်ဖြစ်သည်။ (Week-22) အပြီးတွင် အဆင့် ၁ နေရာ၌ ISPE အသင်းက ရမှတ် ၅၀ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၂ နေရာတွင် ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် ၄၉ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၃ နေရာတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၄၆ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၁ မှ ၃ အတွင်း ရပ်တည်နေသည့် ISPE ၊ ဒဂုံစတားယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်စသည့် အသင်းသုံးသင်းသည် ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေပြီး ယင်းအသင်းသုံးသင်း ကစားရမည့် လက်ကျန်ပွဲစဉ်လေးပွဲကို ဖော်ပြအပ်ပါသည်။