Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-6 ) ပွဲစဉ် တစ်ပွဲ အဖြစ် အောက်တိုဘာ ၁၉ ရက်(ယနေ့)၊ ညနေက သီဟဒီပကွင်း၌ ဧရာဝတီယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဧရာဝတီယူနိုက်တက် အသင်း နောက်ခံကစားသမား လင်းလက်ထွေးက ရခဲ့သည်။တစ်ဂိုးစီ သရေကျခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ပွဲတွင် ဧရာဝတီယူနိုက်တက် အသင်း နောက်ခံကစားသမား လင်းလက်ထွေး(ကျောနံပါတ်-၁၄)သည် ခြေစွမ်းပေါ်လွင်ခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိ ခဲ့ခြင်းဖြစ်သည်။လင်းလက်ထွေးသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးဘုန်းညွှန့်ကိုက ချီးမြှင့် ပေးခဲ့သည်။Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။