2025-26 AFC Challenge League ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းယူနိုက်တက်အသင်းသည် အောက်တိုဘာ ၂၄ ရက်(ယနေ့) နံနက်က အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။ရှမ်းယူနိုက်တက်အသင်းသည် 2025-26 AFC Challenge League ဘောလုံးပြိုင်ပွဲ အုပ်စု(E) တွင် အင်ဒိုနီးရှားကလပ် Dewa United Banten အသင်း၊ တရုတ်(တိုင်ပေ)ကလပ် တိုင်နန်စီးတီးအသင်း၊ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ အုပ်စု(E)ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းသည် အောက်တိုဘာ ၂၆ ရက်တွင် တိုင်နန်စီးတီးအသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ ၂၉ ရက်တွင် ဖနွမ်းပင်ခရောင်းအသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁ ရက်တွင် Dewa United Banten အသင်းနှင့်လည်းကောင်း အသီးသီးကစားရမည်ဖြစ်သည်။