Features

ဒုတိယပိုင်း သွင်းဂိုးများဖြင့် မဟာယူနိုက်တက်ကို အနိုင်ရခဲ့သည့် ရန်ကုန်ယူနိုက်တက်

By fridaythihazaw

January 06, 2026

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11)၏ ပွဲစဉ်တစ်ပွဲအဖြစ် ဇန်နဝါရီ ၆ ရက်(ယနေ့) ညနေ (၃:၃၀) YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့သည် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့သော်လည်း ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းက သွင်းဂိုး လေးဂိုးရရှိခဲ့ပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂိုးများကို မိုဂူ၊ ရင်တာရိုဟာမာ(နှစ်ဂိုး)နှင့် ကောင်းစည်သူတို့က သွင်းပေးခဲ့ကြသည်။