Features

AYA Pay အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး Rintaro Hama ရရှိ

By fridaythihazaw

January 06, 2026

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11 )ပွဲစဉ် တစ်ပွဲ အဖြစ် ဇန်နဝါရီ ၆ ရက်(ယနေ့) ညနေ (၃:၃၀)က YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက် အသင်း တိုက်စစ်မှူး Rintaro Hama က ရခဲ့သည်။ရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်း တိုက်စစ်မှူး Rintaro Hama(ကျောနံပါတ် -၂၉)သည် ခြေစွမ်းပေါ်လွင်ခဲ့သည့် အပြင် အသင်းအတွက် သွင်းဂိုး နှစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည်။ ထို့ကြောင့် Rintaro Hama သည် ပွဲစဉ်အပြီးတွင် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိ ခဲ့ခြင်းဖြစ်သည်။Rintaro Hama သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးမိုးသွင်ထွန်းက ချီးမြှင့် ပေးခဲ့သည်။Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။