Features

MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားပြုလုပ်

By fridaythihazaw

February 24, 2026

Myanmar National League II 2026-27 သို့ တန်းတက်ယှဉ်ပြိုင်ခွင့်ရမည့် ကလပ်အသင်းများ ရွေးချယ်ရန် ကျင်းပမည့် MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲအတွက် အုပ်စုမဲနှိုက်ရေးဆွဲခြင်းအခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက သုဝဏ္ဏဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အုပ်စုမဲခွဲမှုအပြီး ARYU FC၊ Enjoy Brother FC၊ Happy Friendship FC၊ Magway Union FC၊ Royal Chindwin FC နှင့် Swat-E Academy အသင်းတို့ အုပ်စု (A) တွင် ကျရောက်ခဲ့ပြီး အုပ်စု (B) တွင် 10/Mon FC၊ Asia Lion FC၊ Elite Kings FC၊ MYWD Star FC နှင့် Thanlyin City FC အသင်းတို့ ပါဝင်နေသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပသည့် ယခုပြိုင်ပွဲအား မတ်လ ၁ ရက်မှ ၁၅ ရက်အထိ ဗဟန်းကွင်း(M-3) နှင့် စက်ဘီးလေ့ကျင့်ရေးကွင်း (TF-1) ကွင်းတို့၌ ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်ကို သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ရရှိသည့် နှစ်သင်းအနေဖြင့် လာမည့်ရာသီ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။