“မြဝတီအသင်းက စည်းလုံးတယ်၊ အင်အားရှိတယ်၊ အားရှိတယ်။ မြဝတီအသင်းရဲ့ ရှိပြီးသား ကစားဟန်ကို ဘောလုံးနဲ့ ပေါင်းစပ်ဖို ပြင်ဆင်ထားပါတယ်”
ဦးကျော်သူအောင်မြင့်ထွန်း (နည်းပြချုပ်)မြဝတီအက်ဖ်စီ
နည်းပြ ဦးကျော်သူအောင်မြင့်ထွန်းသည် ဇွဲကပင်ယူနိုက်တက်၊ မနောမြအက်ဖ်စီ၊ ကချင်ယူနိုက်တက်၊ ဧရာဝတီအမျိုးသမီးအသင်း၊ ရတနာပုံအသင်းစသည်အသင်းများတွင် နည်းပြအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖူးသူတစ်ဦးဖြစ်သည်။ နည်းပြ ဦးကျော်သူအောင်မြင့်ထွန်းသည် တန်းတက်လာသည့် မြဝတီအသင်းအား လာမည့်ရာသီတွင် တန်းပြန်မဆင်းရေးနှင့် အဆင့် ရှစ်နှင့်အထက် ရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မြဝတီအသင်း၌ ရှိနေသည့်လက်ကျန် ကစားသမားနှင့် မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရှိ ကစားသမားများကို ခေါ်ယူသွာမည်ဖြစ်ကြောင်း၊ ယခုလာမည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသည် ယခင်နှစ်ကထက် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်မည့် နှစ်ဖြစ်ကြောင်း တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။