
မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး ကျင်းပ
သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည်စတင်ရန် စီစဉ်ထား ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲများ ပြန်လည်ကျင်းပသွားရန်နှင့် ရှေ့ဆက်သွားမည့် အစီစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးအတည်ပြုဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းက နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌနှင့် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌနှင့် ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇနှင့် MNL-1 ကလပ်အသင်းပိုင်ရှင်/ ဥက္ကဌများဖြစ်သည့် ဦးလှဌေး၊ ဦးမင်းလှိုင်၊ ဦးခွန်နောင်မြင့်ဝေ| ဦးဇော်မင်းသိန်း၊ ဦးချစ်မျိုးထိုက်၊ ဦးစိန်သောင်း၊ အသင်းဒုတိယဥက္ကဌများ၊ MNL-2 ကလပ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင်…

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကြီးအား သုံးကြိမ်မြောက် ရယူနိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်
၂၀၁၉ ခုနှစ် ဘောလုံးရာသီ၏ ကွင်းပိတ်ဖလားပွဲစဉ်ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ဗိုလ်လုပွဲကြီးတွင် လက်ရှိချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပိုတွင် အနိုင်ယူပြီး ချန်ပီယံဆုကို သုံးကြိမ်မြောက် ရယူနိုင်ခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် အဆိုပါ ပွဲစဉ်ကို ယနေ့ညနေပိုင်းက သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ရှမ်းယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ ရခိုင်ယူနိုက်တက်အသင်းဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ MPT JO မှ မစ္စတာဘန်နီနိုစံ၊ မြန်မာဘရူဝါရီလီမိတက်မှ COO ဦးကျော်ကြား၊ MPT JO မှ COO…

ရှမ်းယူနိုက်တက်အသင်းအတွက် မှတ်တမ်းသစ်တစ်ခုရအောင် ကြိုးစားသွားမည်ဟု ရှမ်းအသင်း နည်းပြ ပြော
[fsn_row][fsn_column width=”12″][fsn_text] ရှမ်းယူနိုက်တက်အသင်းသည် 2019 General Aung San Shield ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ထားနိုင်ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် မှတ်တမ်းသစ်တစ်ခုရအောင် ကြိုးစား သွားမည်ဟု အသင်းနည်းပြ ဦးအောင်နိုင်က ပြောခဲ့သည်။ General Aung San Shield 2019 ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် လာမည့် စက်တင်ဘာ ၂၄ ရက်၊ ည ၆း၀၀၊ သုဝဏ္ဏကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားကြ မည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် MPT Myanmar National Laegue 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံရရှိထားသည့် အသင်းဖြစ်သလို ၂၀၁၉ ရာသီကြို ကွင်းဖွင့်ဖလားတွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရကာ ကွင်းဖွင့်ဖလား ရရှိထားသည်။…

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲစဉ် ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်ပွဲစဉ်မှ ဖြစ်ရပ်များအတွက် စည်း/ထိန်းမှ ပြစ်ဒဏ်များချမှတ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ပြီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲစဉ် ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်အသင်းပွဲစဉ်မှ ဖြစ်ရပ်များအတွက် ပြစ်ဒဏ်ချမှတ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသော ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ချန်ပီယံဆုဖလားချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်၊ ညနေပိုင်းက အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းပြိုင်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ကလပ်အသင်းပိုင်ရှင်များ တက်ရောက်ကြည့်ရှု ချီးမြှင့်ခဲ့ပါသည်။ – ရန်ကုန်ယူနိုက်တက်အသင်းမှ နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ယင်းပွဲစဉ်တွင် ပွဲချိန် (၆၄) မိနစ်၌ ဟံသာဝတီယူနိုက်တက်အသင်းမှ ကျောနံပါတ် (၁၉) မှ ရန်ကုန်ယူနိုက်တက်အသင်းဧရိယာအတွင်း…

ရန်ကုန်ယူနိုက်တက်အသင်းနှင့်. ဟံသာာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုကြမည့် ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကြီး
မြန်မာ့ဘောလုံးလောကတွင် သက်တမ်းအရင့်ဆုံးနှင့် ဂုဏ်သိက္ခာအမြင့်မားဆုံး ဒိုင်းဆုကြီးဖြစ်သည့် ၂၀၁၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကြီးကို ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်း၌ ခြိမ့်ခြိမ့်သဲ ကျင်းပပြုလုပ်သွားတော့မည်ဖြစ်သည်။ MPT Myanmar National League 2018 ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနှင့် အဆင့်လေးနေရာက ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုကြမည့် ယခုပွဲစဉ်အား စက်တင်ဘာ ၃၀ ရက်၊ ညနေ ၃း၃၀ အချိန်တွင် ကျင်းပသွားမည်ဖြစ်သည်။ ၂၀၁၁ ရှုံးထွက်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းမှာ အကြိုဗိုလ်လုပွဲအဆင့်တွင် မကွေးအက်ဖ်စီအသင်းအား နှစ်ကျော့ပေါင်းရလဒ် ၃-၂ ဂိုးဖြင့် အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းက လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။ လက်ရှိတွင် သမိုင်းဝင် အောင်ဆန်းကွင်းထဲက ထိုပွဲစဉ်အတွက် နှစ်သင်းစလုံးက ပြင်ဆင်မှုများ…
Loading…
Something went wrong. Please refresh the page and/or try again.