အိမ်ကွင်းလက်ခံကျင်းပမည့် ရတနာပုံအသင်း၏ ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့မှ ကြည့်ရှုစစ်ဆေး
၂၀၂၆-၂၇ ဘောလုံးရာသီတွင် မန္တလေးမြို့၌ အိမ်ကွင်းပြန်လည် ကျင်းပရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိနေသည့် ရတနာပုံအသင်း၏ ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဘောလုံးရာသီသစ်အတွက် အိမ်ကွင်းလက်ခံကျင်းပရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည့် အသင်းများအနက် တစ်သင်းဖြစ်သည့် ရတနာပုံအသင်းသည် မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေး ကွင်းများကို လျာထားဆောင်ရွက်လျက်ရှိရာ လိဂ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရတနာပုံအသင်း ပိုင်ရှင် ဦးမျိုးမင်းအောင်၊ ဥက္ကဋ္ဌ ဦး M ဇော်ဇော်လတ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇင်ဦး၊ မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်တို့က လိုက်လံရှင်းလင်းပြသခဲ့သည်။
မြဝတီအသင်း နည်းပြချုပ်ဖြစ်လာသည့် ဦးကျော်သူအောင်မြင့်ထွန်း
“မြဝတီအသင်းက စည်းလုံးတယ်၊ အင်အားရှိတယ်၊ အားရှိတယ်။ မြဝတီအသင်းရဲ့ ရှိပြီးသား ကစားဟန်ကို ဘောလုံးနဲ့ ပေါင်းစပ်ဖို ပြင်ဆင်ထားပါတယ်” ဦးကျော်သူအောင်မြင့်ထွန်း (နည်းပြချုပ်)မြဝတီအက်ဖ်စီ နည်းပြ ဦးကျော်သူအောင်မြင့်ထွန်းသည် ဇွဲကပင်ယူနိုက်တက်၊ မနောမြအက်ဖ်စီ၊ ကချင်ယူနိုက်တက်၊ ဧရာဝတီအမျိုးသမီးအသင်း၊ ရတနာပုံအသင်းစသည်အသင်းများတွင် နည်းပြအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖူးသူတစ်ဦးဖြစ်သည်။ နည်းပြ ဦးကျော်သူအောင်မြင့်ထွန်းသည် တန်းတက်လာသည့် မြဝတီအသင်းအား လာမည့်ရာသီတွင် တန်းပြန်မဆင်းရေးနှင့် အဆင့် ရှစ်နှင့်အထက် ရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မြဝတီအသင်း၌ ရှိနေသည့်လက်ကျန် ကစားသမားနှင့် မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရှိ ကစားသမားများကို ခေါ်ယူသွာမည်ဖြစ်ကြောင်း၊ ယခုလာမည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသည် ယခင်နှစ်ကထက် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်မည့် နှစ်ဖြစ်ကြောင်း တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။
ရတနာပုံအသင်း နည်းပြချုပ် ဖြစ်လာသည့် နည်းပြ ဦးမင်းထွန်းလင်း
“ရတနာပုံက ကမ်းလှမ်းမယ်လိုတောင် မထင်ထားဘူး။ ကျွန်တော်ကို အခြားအသင်းက ကမ်းလှမ်းတာတွေလဲ ရှိပါတယ်။ နောက်ဆုံး ယှဉ်ပြီးရွေးတယ်။ ပရိသတ်လဲ တောင့်တယ်။ အောင်မြင်မှုအစဉ်အလာကြီးတဲ့အသင်းဖြစ်တဲ့အတွက် ပိုတာဝန်ကြီးတယ်။ စိန်ခေါ်မှုကိုလဲ သဘောကျပြီး အံ့ဝင်လောက်မယ်ထင်လို ရတနာပုံမှာ နည်းပြ လုပ်ဖို လက်ခံဖြစ်ခဲ့တာပါ” ဦးမင်းထွန်းလင်း (နည်းပြချုပ်)ရတနာပုံအက်ဖ်စီ
ဝမ်းနည်းကြေကွဲခြင်း
ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်) ဝမ်းနည်းကြေကွဲခြင်း🙏 ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်) (မြန်မာ့လက်ရွေးစင် ကစားသမား)(မြန်မာ့လက်ရွေးစင် နည်းပြချုပ်)(နည်းစနစ် ဒါရိုက်တာ) 🇲🇲မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်တွင် နည်းစနစ် ဒါရိုက်တာ၊ တွဲဖက် နည်းစနစ်ဒါရိုက်တာ၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် စသည့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည့် ငွေခေတ်မြန်မာ့လက်ရွေးစင်နှင့် ဘဏ္ဏာအခွန်အသင်း ကစားသမားဟောင်း ဦးတင်မြင့်အောင် (အသက်-၅၉)နှစ်သည် ယနေ့ မနက်ပိုင်းက ၉၆ ပါးသော ရောဂါဖြင့် ဘဝတစ်ပါးသိုကူးပြောင်းသွားကြောင်း ဝမ်းနည်းစွာ သိရှိရပါသည်။ ဦးတင်မြင့်အောင်သည် ကစားသမားဘဝတွင် တက္ကသိုလ် လက်ရွေးစင်အသင်းတွင် ၁၉၈၅ မှ ၁၉၉၄ ခုနှစ်အထိ ကစားခဲ့ပြီးနောက် ၁၉၈၇ မှ ၂၀၀၀ ခုနှစ်အထိ…
Myanmar National League 2025-26 ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းဗိုလ်စွဲ/ အမှတ်ပေးချန်ပီယံဆုကို (၇) ကြိမ်မြောက်ရရှိခြင်းဖြစ်
န်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ်နောက်ဆုံးပွဲစဉ်များကို မတ်လ ၁၈ ရက် ညနေက ရန်ကုန်မြို YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်နှင့် ဒဂုံစတားယူနိုက်တက်၊ တောင်ကြီးမြို ပြည်နယ်အားကစားကွင်းတွင် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမှတ်ပေးပွဲစဉ်များအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆုကို ရရှိခဲ့သည်။ ယနေ့ပွဲစဉ်များမတိုင်မီ အဆင့်(၁) နေရာမှ ရှမ်းယူနိုက်တက်အသင်းနှင့် အဆင့်(၂) နေရာမှ ရန်ကုန် ယူနိုက်တက်အသင်းတိုကြား ရမှတ်ကွာဟချက် တစ်မှတ်သာ ရှိနေခြင်းကြောင့် ပွဲစဉ်များအား တစ်ချိန်တည်း ယှဉ်ပြိုင်ကစားစေခဲ့ပြီး ဆုပေးပွဲအခမ်းအနားကိုပါ သက်ဆိုင်ရာ YUSC နှင့် တောင်ကြီးကွင်းများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ ယနေ့ပွဲစဉ်ရလဒ်များတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို လေးဂိုးပြတ်ဖြင့်လည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး၊…
Something went wrong. Please refresh the page and/or try again.
