
ဒဂုံအသင်း မြန်မာနေရှင်နယ်လိဂ် −၂ သို့ ပြန်လည် ဝင်ရောက်ယှဉ်ပြိုင်မည်
၂၀၁၉ ဘောလုံးရာသီက MPT မြန်မာနေရှင်နယ်လိဂ်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ရာသီကုန်တွင် တန်းဆင်းခဲ့ရပြီးနောက် ပြိုင်ပွဲမှ နှုတ်ထွက်သွားခဲ့သည့် ဒဂုံဘောလုံးအသင်းသည် လာမည့် ၂၀၂၁ ဘောလုံးရာသီတွင် လိဂ်−၂ ပြိုင်ပွဲသို့ တဖန်ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ ယနေ့ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် လိဂ်ကော်မတီ အစည်းအဝေးတွင် ဒဂုံအသင်း ဥက္ကဌ ဦးခင်မောင်စိုးက ဒဂုံအသင်းအနေဖြင့် လာမည့် ၂၀၂၁ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် −၂ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိစ္စရပ်ကို တင်ပြခဲ့ပြီး လိဂ်ကော်မတီက အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ဒဂုံဘောလုံးအသင်းကို ၂၀၀၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ်−၂ ဘောလုံးပြိုင်ပွဲတွင် တောက်လျှောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ၂၀၁၈ ဘောလုံးရာသီ အပြီးတွင် […]
Share this:

မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး ကျင်းပ
သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည်စတင်ရန် စီစဉ်ထား ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲများ ပြန်လည်ကျင်းပသွားရန်နှင့် ရှေ့ဆက်သွားမည့် အစီစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးအတည်ပြုဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းက နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌနှင့် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဌနှင့် ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇနှင့် MNL-1 ကလပ်အသင်းပိုင်ရှင်/ ဥက္ကဌများဖြစ်သည့် ဦးလှဌေး၊ ဦးမင်းလှိုင်၊ ဦးခွန်နောင်မြင့်ဝေ| ဦးဇော်မင်းသိန်း၊ ဦးချစ်မျိုးထိုက်၊ ဦးစိန်သောင်း၊ အသင်းဒုတိယဥက္ကဌများ၊ MNL-2 ကလပ်အသင်းပိုင်ရှင်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် […]
Share this:

၂၀၂၀-၂၁ ရာသီအတွက် ပြောင်းလဲလိုက်သည့် ဘောလုံးဥပဒေသများ
International Football Association Board (IFAB)အနေဖြင့် ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ပြင်ဆင်ခဲ့သော ဘောလုံးဥပဒေများကို ဧပြီလ ၇ ရက်က ထုတ်ပြန်ခဲ့ပြီး ပြောင်းလဲ ပြင်ဆင်ခဲ့သည့် ဥပဒေသများကို ပြန်လည် မျှဝေပေးလိုက်ပါသည်။ ဥပဒေ – ၁ (ကစားကွင်း)ယခင်က ဂိုးတိုင်များ ဂိုးဘားများ ပြုလုပ်ရာတွင် အဝိုင်းပုံစံရှိသော တိုင်များ၊ တန်းများဖြင့်သာ ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းကာလများတွင် စတုရန်း၊ ထောင့်မှန်စတုဂံ၊ အဝိုင်း၊ ဘဲဥပုံ အစရှိသည့် တိုင်များ၊ တန်းများဖြင့်ပေါင်းစပ် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ဥပဒေ – ၁၀ယခင်က သာမန်ပွဲကစားချိန် မိနစ် (၉၀)နှင့် အချိန်ပို မိနစ်(၃၀) တွင် ပြုလုပ်ခဲ့သော နှုတ်ဖြင့် သတိပေးခြင်းများ၊ အဝါကတ်ပြသခံရမှုများကို ပင်နယ်တီ အဆုံးအဖြတ်ခံယူချိန်အထိ သယ်ဆောင်ခဲ့သော်လည်း […]
Share this:

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် သတင်းအချက်အလက်များကို ပရိသတ်ထံ လျင်မြန်စွာ စီးဆင်းရောက်ရှိနိုင်ရေး အစွမ်းကုန် ဆောင်ရွက်လျှက်ရှိ
ကစားသမားများ၏ တစ်ပွဲချင်းစွမ်းဆောင်ရည်အသေးစိတ်ကို အချက်အလက်များဖြင့် စောင့်ကြည့် အကဲခ တ်နိုင်သည် အထိ ဆောင်ရွက်သွားမည် မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံး ပြိုင်ပွဲကြီး အပါအဝင် မြန်မာနေရှင်နယ်လိဂ်−၂၊ ယူ−၂၁၊ ယူ−၁၉ လိဂ်ပြိုင်ပွဲများကို ပရိသတ်များ ပိုမို စိတ်ဝင်စားအားပေးလာစေရန်၊ မြန်မာ့ ဘောလုံးလောက ပိုမိုတိုးတက်ရေးကို ပိုမိုအထောက်အကူပြုနိူင်စေရန်၊ မြန်မာ့လက်ရွေးစင် အသင်းများ အတွက် ကစားသမား ရွေးချယ်ရာတွင် ပိုမိုအထောက်အပံ့ ဖြစ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အတွင်းမှ စတင်ကာ Genius Sports ၊ Star Phone စသည့် အဖွဲ့အစည်းများဖြင့် လက်တွဲပြီး Database တည်ဆောက်ကာ […]
Share this:

တက္ကသိုလ်အသင်းကို အနိုင်ယူကာ ဒုတိယမြောက် နိုင်ပွဲ ရယူခဲ့သည့် ငွေကြယ်ပွင့်လေးများအသင်း
[fsn_row][fsn_column width=”12″][fsn_text] MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-13) ပွဲစဉ်တစ်ပွဲဖြစ်သည့် တက္ကသိုလ် လက်ရွေးစင်အသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်းတို့ပွဲတွင် ငွေကြယ်ပွင့်လေးများအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲတွင် ငွေကြယ်ပွင့်လေးများအသင်းမှ ပွဲစတင်သည်နှင့်တစ်ပြိုင်နက် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန် ၈ မိနစ်တွင် ဂိုးစတင်ရခဲ့သည်။ ငွေကြယ်ပွင့်အသင်းအတွက် ဦးဆောင်ဂိုးကို သက်အောင်က ဂိုးသမားကိုကျော်ဖြတ်ကာ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၃၇ မိနစ်တွင် တက္ကသိုလ်လက်ရွေးစင်အသင်းမှ ပင်နယ်တီရခဲ့ပြီး သိန်းထက်အောင်မှ အမှားအယွင်းမရှိကန်သွင်းကာ ချေပဂိုးရယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် တက္ကသိုလ်လက်ရွေးစင်အသင်းမှ ဦးဆောင်ဂိုးရရန် ကြိုးပမ်းတိုက်စစ်ဆင် ခဲ့သော်လည်း ငွေကြယ်ပွင့်အသင်းမှ ဒုတိယ ဦးဆောင်ဂိုးထပ်မံရခဲ့သည်။ ငွေကြယ်ပွင့်အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် […]
Share this:
Loading…
Something went wrong. Please refresh the page and/or try again.