MPT University Football Tournament 2019(Upper Zone) ေဘာလုံးၿပိဳင္ပြဲ ႀကိဳတင္ညွိႏႈိင္းအစည္းအေ၀းႏွင့္ မဲႏႈိက္ေရးဆြဲပြဲ က်င္းပ

September 6, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT University Football Tournament 2019 (Upper Zone) ေဘာလုံးၿပိဳင္ပြဲ အတြက္ ႀကိဳတင္ညွိႏႈိင္းအစည္းအေ၀းႏွင့္ မဲႏႈိက္ေရးဆြဲပြဲကို စက္တင္ဘာ ၆ ရက္၊ မြန္း လႊဲ၂း၀၀ နာရီက မႏၱေလးတကၠသုိလ္၊ သုေတသနစင္တာရွိ အစည္းအေ၀းခန္းမတြင္ က်င္းပခဲ့သည္။

အစည္းအေ၀းသုိ႔ မႏၱေလးတကၠသုိလ္ မွ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာ တင္ထြန္း ေအာင္၊ ျမန္မာေနရွင္နယ္လိဂ္ စီမံခန္႔ခြဲေရးအရာရွိ ဦးဆူးေအာင္၊ တကၠသုိလ္မ်ား ေဘာလုံးၿပိဳင္ပြဲ က်င္းပေရးတာ၀န္ခံ ဦးမုိးသြင္ထြန္း၊ ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္၊ အလုပ္မႈေဆာင္ ဦးစိန္၀င္းႀကီး၊ မႏၱေလးတုိင္းေဒသႀကီး၊ အားကစားႏွင့္ ကာယပညာ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေ၀ဇင္၊ ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဳပ္ မႏၱေလးေဘာလုံးအကယ္ဒမီ ေက်ာင္းအုပ္ႀကီး ဦးစုိးညႊန္႔၊ မႏၱလာသီရိ ေဘာလုံးကြင္းရုံတာ၀န္ခံ ဦးႏုိင္လင္းေအာင္၊ သက္ဆုိင္ရာဇုန္အသီးသီးမွ ဇုန္တာ၀န္ခံ ဆရာ၊ ဆရာမမ်ား အသီးသီး တက္ေရာက္ခဲ့ၾကသည္။

ေရွးဦးစြာ မႏၱေလးတကၠသုိလ္ မွ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာတင္ထြန္းေအာင္မွ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး ျမန္မာေနရွင္နယ္လိဂ္ စီမံခန္႔ခြဲေရးအရာရွိဦးဆူး ေအာင္မွ ၿပိဳင္ပြဲႏွင့္ပတ္သက္၍ ရွင္းလင္းေျပာၾကားခဲ့သည္။ ထုိ႔ေနာက္ အစည္းအေ၀းသုိ႔ တက္ေရာက္လာသည့္ ဇုန္အသီးသီးမွ တာ၀န္ခံမ်ားမွ လုိအပ္သည္မ်ားကို ေဆြးေႏြး ညွိႏႈိင္းတင္ျပခဲ့ၿပီး အမ်ဳိးသားေဘာလုံးၿပိဳင္ပြဲအတြက္ မဲႏႈိက္ေရးဆြဲျခင္း ျပဳလုပ္ခဲ့သည္။

MPT University Football Tournament 2019 (Upper Zone) အမ်ဳိးသား ေဘာလုံး ၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္ ေအာက္တုိဘာ ၁၃ ရက္မွ ၂၁ ရက္ထိ  မႏၱေလးၿမိဳ႕၊ မႏၱလာ သီရိ ကြင္းႏွင့္ မႏၱေလးတကၠသုိလ္ေဘာလုံးကြင္းတုိ႔တြင္ က်င္းပမည္ျဖစ္သည္။ မဲခြဲမႈ အရ အုပ္စု(က)တြင္ ေတာင္ႀကီးတကၠသုိလ္အသင္း၊ မေကြးတကၠသုိလ္အသင္းႏွင့္ မႏၱေလး တကၠသုိလ္အသင္းတုိ႔ ပါ၀င္ေနၿပီး အုပ္စု(ခ)တြင္ ျမစ္ႀကီးနားတကၠသုိလ္ အသင္း၊ မုံရြာ တကၠသုိလ္အသင္းႏွင့္ ေနျပည္ေတာ္တကၠသုိလ္အသင္းတို႔ပါ၀င္ေနသည္။

အမ်ဳိးသမီးေဘာလုံးၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္ ေအာက္တုိဘာ ၁၂ ရက္မွ ၂၂ ရက္ထိ က်င္းပ မည္ျဖစ္ၿပီး  အုပ္စု(က)တြင္ မႏၱေလးတကၠသုိလ္အသင္း၊ ျမစ္ႀကီးနားတကၠသိုလ္ အသင္း ႏွင့္ မုံရြာတကၠသုိလ္အသင္းတုိ႔ပါ၀င္ေနၿပီး အုပ္စု(ခ)တြင္ ေတာင္ႀကီးတကၠုသုိလ္ အသင္းႏွင့္ မေကြးတကၠသုိလ္အသင္းတုိ႔ပါ၀င္ေနသည္။

Unicode

MPT University Football Tournament 2019(Upper Zone) ဘောလုံးပြိုင်ပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် မဲနှိုက်ရေးဆွဲပွဲ ကျင်းပ
————————————————————————————————————

MPT University Football Tournament 2019 (Upper Zone) ဘောလုံးပြိုင်ပွဲ အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးနှင့် မဲနှိုက်ရေးဆွဲပွဲကို စက်တင်ဘာ ၆ ရက်၊ မွန်း လွှဲ၂း၀၀ နာရီက မန္တလေးတက္ကသိုလ်၊ သုတေသနစင်တာရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မန္တလေးတက္ကသိုလ် မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ထွန်း အောင်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိ ဦးဆူးအောင်၊ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ကျင်းပရေးတာဝန်ခံ ဦးမိုးသွင်ထွန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အလုပ်မှုဆောင် ဦးစိန်ဝင်းကြီး၊ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝေဇင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မန္တလေးဘောလုံးအကယ်ဒမီ ကျောင်းအုပ်ကြီး ဦးစိုးညွှန့်၊ မန္တလာသီရိ ဘောလုံးကွင်းရုံတာဝန်ခံ ဦးနိုင်လင်းအောင်၊သက်ဆိုင်ရာဇုန်အသီးသီးမှ ဇုန်တာဝန်ခံ ဆရာ၊ ဆရာမများ အသီးသီး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မန္တလေးတက္ကသိုလ် မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိဦးဆူး အောင်မှ ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဇုန်အသီးသီးမှ တာဝန်ခံများမှ လိုအပ်သည်များကို ဆွေးနွေး ညှိနှိုင်းတင်ပြခဲ့ပြီး အမျိုးသားဘောလုံးပြိုင်ပွဲအတွက် မဲနှိုက်ရေးဆွဲခြင်း ပြုလုပ်ခဲ့သည်။
MPT University Football Tournament 2019 (Upper Zone) အမျိုးသား ဘောလုံး ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ ၂၁ ရက်ထိ မန္တလေးမြို့၊ မန္တလာ သီရိ ကွင်းနှင့် မန္တလေးတက္ကသိုလ်ဘောလုံးကွင်းတို့တွင် ကျင်းပမည်ဖြစ်သည်။ မဲခွဲမှု အရ အုပ်စု(က)တွင် တောင်ကြီးတက္ကသိုလ်အသင်း၊ မကွေးတက္ကသိုလ်အသင်းနှင့် မန္တလေး တက္ကသိုလ်အသင်းတို့ ပါဝင်နေပြီး အုပ်စု(ခ)တွင် မြစ်ကြီးနားတက္ကသိုလ် အသင်း၊ မုံရွာ တက္ကသိုလ်အသင်းနှင့် နေပြည်တော်တက္ကသိုလ်အသင်းတို့ပါဝင်နေသည်။
အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၂၂ ရက်ထိ ကျင်းပ မည်ဖြစ်ပြီး အုပ်စု(က)တွင် မန္တလေးတက္ကသိုလ်အသင်း၊ မြစ်ကြီးနားတက္ကသိုလ် အသင်း နှင့် မုံရွာတက္ကသိုလ်အသင်းတို့ပါဝင်နေပြီး အုပ်စု(ခ)တွင် တောင်ကြီးတက္ကုသိုလ် အသင်းနှင့် မကွေးတက္ကသိုလ်အသင်းတို့ပါဝင်နေသည်။

[/fsn_text][/fsn_column][/fsn_row]