News

အိမ်ကွင်းလက်ခံကျင်းပမည့် ရတနာပုံအသင်း၏ ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့မှ ကြည့်ရှုစစ်ဆေး

၂၀၂၆-၂၇ ဘောလုံးရာသီတွင် မန္တလေးမြို့၌ အိမ်ကွင်းပြန်လည် ကျင်းပရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိနေသည့် ရတနာပုံအသင်း၏ ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဘောလုံးရာသီသစ်အတွက် အိမ်ကွင်းလက်ခံကျင်းပရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြသည့် အသင်းများအနက် တစ်သင်းဖြစ်သည့် ရတနာပုံအသင်းသည် မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေး ကွင်းများကို လျာထားဆောင်ရွက်လျက်ရှိရာ လိဂ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရတနာပုံအသင်း ပိုင်ရှင် ဦးမျိုးမင်းအောင်၊ ဥက္ကဋ္ဌ ဦး M ဇော်ဇော်လတ်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇင်ဦး၊ မန္တလေးတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်တို့က လိုက်လံရှင်းလင်းပြသခဲ့သည်။

မြဝတီအသင်း နည်းပြချုပ်ဖြစ်လာသည့် ဦးကျော်သူအောင်မြင့်ထွန်း

“မြဝတီအသင်းက စည်းလုံးတယ်၊ အင်အားရှိတယ်၊ အားရှိတယ်။ မြဝတီအသင်းရဲ့ ရှိပြီးသား ကစားဟန်ကို ဘောလုံးနဲ့ ပေါင်းစပ်ဖို ပြင်ဆင်ထားပါတယ်” ဦးကျော်သူအောင်မြင့်ထွန်း (နည်းပြချုပ်)မြဝတီအက်ဖ်စီ နည်းပြ ဦးကျော်သူအောင်မြင့်ထွန်းသည် ဇွဲကပင်ယူနိုက်တက်၊ မနောမြအက်ဖ်စီ၊ ကချင်ယူနိုက်တက်၊ ဧရာဝတီအမျိုးသမီးအသင်း၊ ရတနာပုံအသင်းစသည်အသင်းများတွင် နည်းပြအဖြစ် လုပ်ကိုင်ဆောင်ရွက်ဖူးသူတစ်ဦးဖြစ်သည်။ နည်းပြ ဦးကျော်သူအောင်မြင့်ထွန်းသည် တန်းတက်လာသည့် မြဝတီအသင်းအား လာမည့်ရာသီတွင် တန်းပြန်မဆင်းရေးနှင့် အဆင့် ရှစ်နှင့်အထက် ရရှိအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မြဝတီအသင်း၌ ရှိနေသည့်လက်ကျန် ကစားသမားနှင့် မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရှိ ကစားသမားများကို ခေါ်ယူသွာမည်ဖြစ်ကြောင်း၊ ယခုလာမည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသည် ယခင်နှစ်ကထက် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်မည့် နှစ်ဖြစ်ကြောင်း တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။

ရတနာပုံအသင်း နည်းပြချုပ် ဖြစ်လာသည့် နည်းပြ ဦးမင်းထွန်းလင်း

“ရတနာပုံက ကမ်းလှမ်းမယ်လိုတောင် မထင်ထားဘူး။ ကျွန်တော်ကို အခြားအသင်းက ကမ်းလှမ်းတာတွေလဲ ရှိပါတယ်။ နောက်ဆုံး ယှဉ်ပြီးရွေးတယ်။ ပရိသတ်လဲ တောင့်တယ်။ အောင်မြင်မှုအစဉ်အလာကြီးတဲ့အသင်းဖြစ်တဲ့အတွက် ပိုတာဝန်ကြီးတယ်။ စိန်ခေါ်မှုကိုလဲ သဘောကျပြီး အံ့ဝင်လောက်မယ်ထင်လို ရတနာပုံမှာ နည်းပြ လုပ်ဖို လက်ခံဖြစ်ခဲ့တာပါ” ဦးမင်းထွန်းလင်း (နည်းပြချုပ်)ရတနာပုံအက်ဖ်စီ

လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံခဲ့ရသည့် ချင်းလန်းအက်ဖ်စီတိုက်စစ်မှူး လှဘုန်းဦး

Myanmar National League II 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိခဲ့သည့် ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ သွင်းဂိုး ၂၂ ဂိုးသွင်းယူပြီး ချင်းလန်းအသင်း လိဂ်-၂ အမှတ်ပေးချန်ပီယံဖြစ်စေရန် ကူညီပေးနိုင်ခဲ့သည့် လှဘုန်းဦးသည် လက်ရွေးစင်အသင်းပဏာမလူစာရင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။ မြန်မာအသင်းသည် မတ်လ ၂၆ ရက်တွင် အာဖဂန်နစ္စတန်၊ မတ်လ ၃၁ ရက်တွင် ပါကစ္စတန်အသင်းတိုနှင့်၂၀၂၇ အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဝမ်းနည်းကြေကွဲခြင်း

ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်) ဝမ်းနည်းကြေကွဲခြင်း🙏 ဦးတင်မြင့်အောင် (အသက် ၅၉ နှစ်) (မြန်မာ့လက်ရွေးစင် ကစားသမား)(မြန်မာ့လက်ရွေးစင် နည်းပြချုပ်)(နည်းစနစ် ဒါရိုက်တာ) 🇲🇲မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်တွင် နည်းစနစ် ဒါရိုက်တာ၊ တွဲဖက် နည်းစနစ်ဒါရိုက်တာ၊ မြန်မာ့လက်ရွေးစင် အမျိုးသား အသင်း နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် စသည့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့သည့် ငွေခေတ်မြန်မာ့လက်ရွေးစင်နှင့် ဘဏ္ဏာအခွန်အသင်း ကစားသမားဟောင်း ဦးတင်မြင့်အောင် (အသက်-၅၉)နှစ်သည် ယနေ့ မနက်ပိုင်းက ၉၆ ပါးသော ရောဂါဖြင့် ဘဝတစ်ပါးသိုကူးပြောင်းသွားကြောင်း ဝမ်းနည်းစွာ သိရှိရပါသည်။ ဦးတင်မြင့်အောင်သည် ကစားသမားဘဝတွင် တက္ကသိုလ် လက်ရွေးစင်အသင်းတွင် ၁၉၈၅ မှ ၁၉၉၄ ခုနှစ်အထိ ကစားခဲ့ပြီးနောက် ၁၉၈၇ မှ ၂၀၀၀ ခုနှစ်အထိ…

Myanmar National League 2025-26 ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းဗိုလ်စွဲ/ အမှတ်ပေးချန်ပီယံဆုကို (၇) ကြိမ်မြောက်ရရှိခြင်းဖြစ်

န်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပခဲ့သည့် Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ်နောက်ဆုံးပွဲစဉ်များကို မတ်လ ၁၈ ရက် ညနေက ရန်ကုန်မြို YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက်နှင့် ဒဂုံစတားယူနိုက်တက်၊ တောင်ကြီးမြို ပြည်နယ်အားကစားကွင်းတွင် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမှတ်ပေးပွဲစဉ်များအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆုကို ရရှိခဲ့သည်။ ယနေ့ပွဲစဉ်များမတိုင်မီ အဆင့်(၁) နေရာမှ ရှမ်းယူနိုက်တက်အသင်းနှင့် အဆင့်(၂) နေရာမှ ရန်ကုန် ယူနိုက်တက်အသင်းတိုကြား ရမှတ်ကွာဟချက် တစ်မှတ်သာ ရှိနေခြင်းကြောင့် ပွဲစဉ်များအား တစ်ချိန်တည်း ယှဉ်ပြိုင်ကစားစေခဲ့ပြီး ဆုပေးပွဲအခမ်းအနားကိုပါ သက်ဆိုင်ရာ YUSC နှင့် တောင်ကြီးကွင်းများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။ ယနေ့ပွဲစဉ်ရလဒ်များတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံစတားယူနိုက်တက်အသင်းကို လေးဂိုးပြတ်ဖြင့်လည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး၊…

MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲတွင် Enjoy Brother FC အသင်းဗိုလ်စွဲ

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှကြီးမှူးကျင်းပခဲ့သည့် MNL II Promotion Amateur Club Tournament 2026 ပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်အား ယနေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး Enjoy Brother FC အသင်းက Happy Friendship FC အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် ယနေ့ပွဲစဉ်တွင် Enjoy Brother FC အသင်းအတွက် ရီဝေယံ၊ အံ့ကောင်းမွန်၊ အောင်မြင့်မြတ်တိုက တစ်ဂိုးစီသွင်းယူခဲ့ပြီး Happy Friendship FC အသင်းအတွက် ဇော်မင်းသန့်၊ ဝေဖြိုးဇော်တိုက သွင်းယူပေးခဲ့သည်။ ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲနိုင်ခဲ့သည့် Enjoy Brother FC အသင်းသည် ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေကျပ်သိန်း (၅၀)၊ ဒုတိယရရှိခဲ့သည့် Happy…

ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို ပွဲစဉ်မှ ဖြစ်ရပ်အတွက် ပွဲပယ်နှင့် ဒဏ်ကြေး‌ငွေပြစ်ဒဏ်ချမှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များအနက် မတ်လ ၁၀ ရက်က သန်လျင်သီဟဒီပကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်အမှတ် (၁၂၂)၊ ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို ပွဲစဉ်မှ ဖြစ်ရပ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ်(၇၇) မောင်မောင်လွင်အား ပွဲပယ်နှင့် ဒဏ်ကြေး‌ငွေ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် အထက်ပါဖြစ်ရပ်များအတွက် မတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် အစည်းအဝေးပြုလုပ်၍ ရတနာပုံ-ရန်ကုန်ယူနိုက်တက်ပွဲစဉ် ရုပ်သံမှတ်တမ်းများအား ပြန်လည်ကြည့်ရှုခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် မှတ်တမ်းပုံများအား ပြန်လည်လေ့လာသုံးသပ်ခြင်းများ ပြုလုပ်ကာ အောက်ပါအတိုင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို ပွဲကြည့်စင်ပေါ်မှ လာရောက်ကြည့်ရှုအားပေးသည့် အမျိုးသမီးပရိသတ်တစ်ဦး (ယခင်က ဘောလုံးပြိုင်ပွဲများလာရောက်ကြည့်ရှုအားပေးရာတွင် ပြိုင်ပွဲကြည့်ရှုနေစဉ်တလျောက် အသင်းများမှနည်းပြ/ ကစားသမားအပါအဝင် ပရိသတ်၊ပြိုင်ပွဲတာဝန်ကျဝန်ထမ်းများအား ကြမ်းတမ်းစွာ…

MNL II Promotion Amateur ဘောလုံးပြိုင်ပွဲတွင် ဆီမီးတက်ရောက်သည့်အသင်းများ ထွက်ပေါ်

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မှ ကြီးမှူးပြီး မတ်လ ၁ ရက်က စတင်ကျင်းပခဲ့သော MNL II Promotion Amateur Club Tournament 2026 အုပ်စုပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (A) မှ Enjoy Brother နှင့် Happy Friendship၊ အုပ်စု (B)မှ Elite Kings နှင့် Asia Lion အသင်းတို ဆီမီးဖိုင်နယ်အဆင့်သို တက်ရောက်နိုင်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မတ်လ ၁၃ ရက်တွင် ဗဟန်းကွင်းနှင့် MFF Training Field -1 (သုဝဏ္ဏ)၌ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု (A)ပထမ Enjoy Brother နှင့် အုပ်စု (B) ဒုတိယ Asia Lion၊…

အဖိုးတန်ဂိုးနှင့်အတူ AYA Pay အကောင်းဆုံးကစားသမားဆု ရခဲ့သည့် ဒဂုံစတားယူနိုက်တက် အသင်းခေါင်းဆောင် ဆောင်လမန်

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-19)ပွဲစဉ် တစ်ပွဲ အဖြစ် ဖေဖော်ဝါရီ ၂၄ ရက်(ယနေ့) ညနေ (၃:၃၀)က သီဟဒီပ(သန်လျင်)ကွင်းတွင် ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်သင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဒဂုံစတားယူနိုက်တက် အသင်းခေါင်းဆောင် ဆောင်လမန်က ရခဲ့သည်။ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ယင်းပွဲတွင် ဒဂုံစတားယူနိုက်တက် အသင်းခေါင်းဆောင် ဆောင်လမန်(ကျောနံပါတ် -၂၀)သည် ခြေပေါ်လွင်ခဲ့သည့် အပြင် အသင်း အနိုင်ရစေမည့် တစ်လုံးတည်းသော ဂိုးကိုလည်း သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဆောင်လမန်သည် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man…

Something went wrong. Please refresh the page and/or try again.