Project Description

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်န၀ါရီ ၂၇ ရက်(ယနေ့) ညနေ က အောင်ဆန်းကွင်းတွင် GFA FC အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။

GFA FC အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ် ပထမပိုင်းတွင် GFA FC အသင်းမှ ရတနာပုံအသင်းကို အမှားမခံဘဲ ခံစစ်သေချာစွာ ကစားခဲ့သည့်အတွက် ရတနာပုံအသင်းအနေဖြင့် ပွဲအစပိုင်းတွင် ဂိုးရရှိရန် အခက်အခဲများတွေ့ခဲ့သည်။ သို့သော် ပထမပိုင်းပြီးခါနီး ၂ မိနစ်အလိုတွင် ရတနာပုံအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး အဆိုပါဂိုးကို သက်နိုင်က တန်ပြန်တိုက်စစ်မှတစ်ဆင့် သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ရတနာပုံအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ပွဲကို ဦးဆောင်ကစားနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် GFA FC အသင်းမှလဲ ချေပဂိုးရရှိရေးအတွက် တင်ကစားလာခဲ့သည့်အတွက် ပွဲစဉ်မှာ ပိုမိုအကြိတ်အနယ် ဖြစ်လာ ခဲ့သည်။ ရတနာပုံအသင်းသည် ဂိုးရရှိမည့် အခွင့်အရေး ပိုမိုရခဲ့သော်လည်း အဆုံးသတ်မသေချာမှုများ ရှိခဲ့သည်။ ရတနာပုံအသင်း အတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၉၀+၂ မိနစ်တွင် မြတ်ကောင်းခန့်က သွင်းယူပေးခဲ့သည်။