U-19

MPT Myanmar National League Youth (U-19) 2020 ပွဲစဉ် (၁၀) အပြီး အမှတ်ပေးဇယား ရပ်တည်မှု

၂၀၂၀ခုနှစ်အသက်(၁၉)နှစ်အောက် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၁၀) အပြီးရလဒ်များနှင့် အမှတ်ပေးဇယားရပ်တည်မှုကိုဖော်ပြပေးလိုက်ရပါတယ်။ ပွဲစဉ် (၁၀)မှာ ရန်ကုန်၊ ရတနာပုံ၊ ယောမြေ၊ရခိုင်၊ ဟံသာဝတီ၊မကွေး၊ ဇွဲကပင်အသင်းတို့ နိုင်ပွဲများ ကိုယ်စီ ရရှိခဲ့ပြီး မြဝတီအသင်းနဲ့ ဧရာဝတီယူနိုက်တက်အသင်းတို့ ပွဲစဉ်က တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ထို့ပြင် ယခုတစ်ပတ်မှာ ရှမ်းယူနိုက်တက်-MFF Youth၊ ယူနီဗာစတီ- ဆောက်သမ်းမြန်မာအသင်းတို့ ပွဲစဉ်ကို ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။


MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီယူနိုက်တက် ယူ-၁၉ အသင်းနှင့် ဧရာဝတီယူနိုက်တက် ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအသင်းမှ သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပထမပိုင်းတွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရရှိရန် ဖိအားပေး ကစားခဲ့ပြီး ဟံသာဝတီအသင်းမှ တန်ပြန်တိုက်စစ်များဖြင့် တုံ့ပြန်ခဲ့သည်။ သို့သော် နှစ်ဖက်စလုံးမှ ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ပထမပိုင်းအပြီးဂိုးမရှိသရေကျခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်တွင် ဧရာဝတီယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ဟံသာဝတီအသင်းနောက်ခံလူ ကျော်စိုးအောင်မှ ကိုယ့်ဂိုး ကိုယ်သွင်းယူခဲ့မိခြင်းဖြစ်သည်။ ထို့နောက် ပွဲချိန် ၇၉ မိနစ်နှင့် ၉၀+၃ မိနစ်များတွင် ဆွေဦးလှိုင်က ဒုတိယဂိုးနှင့် တတိယအနိုင်ဂိုးများ သွင်းယူပေးခဲ့သဖြင့် သုံးဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီလူငယ်အသင်းက ရှမ်းလူငယ်အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရရှိ

MPT Myanmar National League (U-19) 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ဟံသာဝတီအသင်းနှင့် ရှမ်းအသင်းတို့ ယနေ့ ညနေ သုံးနာရီခွဲက တောင်ဒဂုံကွင်းတွင် ကစားခဲ့ရာ ဟံသာဝတီအသင်းမှ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဂိုးများကို ပွဲချိန်၅၆ မိနစ်တွင် စည်သူကျော်နှင့် ၈၅မိနစ်တွင် စည်သူ‌အောင်တို့က သွင်းယူပေးခဲ့ပြီး ရှမ်းအသင်းတွက် ချေပဂိုးကို ပွဲချိန် ၇၃မိနစ်တွင် ကမ်းဌာနီ မှ ရယူပေးခဲ့ခြင်းဖြစ်သည်။ MPT Myanmar National League (U-19) 2020##27.1.2020##South DagonStadium##15:30 PMHantharwady Utd 2-1 Shan United No.11 Sithu Kyaw 56′ (HUFC)No.9 Sithu Aung. 85′(HUFC)No.14 Kam…