
MFF-MNL (Road to Japan) ဘောလုံးခြေစမ်းလေ့လာရေး ခရီးစဉ်အတွက် ကစားသမားရွေးချယ်ပွဲကျင်းပပြုလုပ်လျက်ရှိ
မျိုးဆက်သစ် ဘောလုံးသမားများ ထွက်ပေါ်လာစေရေးအတွက် MFF-MNL (Road to Japan) ဘောလုံးခြေစမ်းလေ့လာရေး ခရီးစဉ် စေလွှတ်နိုင်ရေး ကစားသမားရွေးချယ်ပွဲကို ဇန်နဝါရီ ၈ ရက်(ယနေ့) နံနက်ပိုင်းက မြန်မာအမျိုးသားဘောလုံးအကယ်မီ(ရန်ကုန်) မြက်ခင်းတုကွင်း၌ စတင် ကျင်းပပြုလုပ် လျှက်ရှိပါသည်။ လူရွေးချယ်ပွဲတွင် ပြီးခဲ့သည့် MPT U-14 Football Tournament 2019 လူငယ်ဘောလုံးပြိုင်ပွဲများနှင့် MFF 100Plus Cup States & Regions U-14 (Boy’s) Football Tournament 2019 လူငယ်ဘောလုံးပြိုင်ပွဲမှ ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် ကစားသမားများအား A, B , C, D ,E အသင်းများ သတ်မှတ်၍ ယှဉ်ပြိုင်ကစားစေခြင်းဖြစ်သည်။ လူရွေးချယ်ပွဲကို ညနေ ၃း၀၀…

အောက်မြန်မာပြည် ဇုန်အလိုက် MPT-University Football Tournament 2019 အမျိုးသား ဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ အဆင့်မြင့်ပညာဦးစီးဌာန နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် MPT-University Football Tournament 2019 (ဇုန်အလိုက် အောက်မြန်မာပြည်) ဆုချီးမြှင့်ခြင်း အခမ်းအနားနှင့် နောက်ဆုံးအမျိုးသား ဗိုလ်လုပွဲစဉ်ကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ဘောလုံးကွင်း(သထုံကွင်း) ၌ ကျင်းပခဲ့သည်။

ဒဂုံဇုန် အသင်း အနိုင်ရဗိုလ်စွဲသွားခဲ့တဲ့ MPT-University Football Tournament 2019 အောက်မြန်မာပြည် ဇုန်အလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ
ကျင်းပလျှက် ရှိနေတဲ့ MPT-University Football Tournament 2019 အောက်မြန်မာပြည် ဇုန်အလိုက် ဘောလုံးပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို ဒီကနေ့ မနက်ပိုင်းက သထုံလမ်းမှာ ရှိတဲ့ တက္ကသိုလ် ဘောလုံးကွင်းမှာ ကျင်းပခဲ့ပြီး ဒဂုံဇုန် အမျိုးသမီး ဘောလုံးအသင်းက မော်လမြိုင်ဇုန် အမျိုးသမီး ဘောလုံးအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ဖြင့် လက်ရှိချန်ပီယံဆု ကာကွယ်ခဲ့သည့် ရသေ့တောင်အသင်း
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးညီပု တက်ရောက်ကြည့်ရှုကာ ဆုများချီးမြှင့် ——————————————————————— မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်(ယနေ့)က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ၊ ဝေသာလီ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။ ယနေ့ နံနက် ရး၃၀ က ကစားခဲ့သည့် မောင်တောအသင်းနှင့် သံတွဲ(အေ)အသင်းတို့၏ တတိယနေရာလုပွဲတွင် မောင်တော အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ညနေ ၃း၃၀ တွင် ကစားခဲ့သည့် ကျောက်ဖြူ(အေ)အသင်းနှင့် ရသေ့တောင် အသင်းတို့ပွဲတွင် ပွဲချိန်အတွင်း တစ်ဂိုးစီ သရေကျခဲ့သည့်အတွက် အချိန်ပိုဆက်လက်ကစားခဲ့ပြီး အချိန်ပို တွင်လည်း ဆက်လက် သရေကျခဲ့သည့်အတွက်…
Loading…
Something went wrong. Please refresh the page and/or try again.