စစ်ကိုင်းယူနိုက်တက်ကို အနိုင်ကစားကာ အိမ်ကွင်းနိုင်ပွဲ စတင်ရယူခဲ့သည့် ဟံသာဝတီ

January 21, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တစ်ပွဲအဖြစ် ဇန်န၀ါရီ ၂၁ ရက်(ယနေ့)ညနေက ပဲခူးမြို့၊ Grand Royal Stadium တွင် ဟံသာဝတီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဟံသာဝတီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဟံသာဝတီအသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့၏ ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်း မရှိသဖြင့် ဂိုးမရှိ သရေကျခဲ့သည်။ သို့သော်ဒုတိယပိုင်းတွင် ဧည့်သည်စစ်ကိုင်းယူနိုက်တက်အသင်းက ဦးဆောင်ဂိုးစတင်ရခဲ့သည်။ စစ်ကိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို ဆင်မြူရယ်က ပွဲချိန် ၇၂ မိနစ်တွင် သွင်းခဲ့သည်။ ဟံသာဝတီအသင်းအတွက် ပထမချေပဂိုးကို ရန်နိုင်အောင်က ပွဲချိန် ၇၉ မိနစ်တွင် သွင်းပေးခဲ့ပြီး အနိုင်ဂိုးကို ပွဲချိန် ၈၄ မိနစ်တွင် ဂျိုးဇက်က သွင်းယူပေးခဲ့သည်။ ဟံသာဝတီအသင်းသည် စစ်ကိုင်းယူနိုက်တက် အသင်းကို အနိုင်ရခဲ့သည့်အတွက် ၂၀၁၈ ဘောလုံးရာသီတွင် ပထမဆုံး နိုင်ပွဲ စတင်ရရှိခဲ့ခြင်းဖြစ်သည်။