အဝေးကွင်းတွင်​ ရမှတ်​(၃)မှတ်​ ရယူနိုင်​ခဲ့​သော ဟံသာဝတီယူနိုက်​တက်​။

April 1, 2018

MPT မြန်​မာ​နေရှင်​နယ်​လိဂ်​ (Week-9) ပွဲစဉ်​များမှ ပွဲစဉ်​တစ်​ပွဲဖြစ်​​သော ရတနာပုံအသင်း
နှင့်​ ဟံသာဝတီယူနိုက်​တက်​အသင်းတို့သည်​ ယ​နေ့ည​နေ(၄)နာရီအချိန်​က မန္တလာသီရိကွင်းကြီးတွင်
ယှဉ်​ပြိုင်​ကစားခဲ့ကြသည်​။

ယ​နေ့ပွဲစဉ်​တွင်​ ရတနာပုံအသင်းသည်​ အိမ်​ကွင်းတွင်​ရမှတ်​မဆုံးရှုံးရန်​အတွက်​ ဝင်းနိုင်​စိုး ၊
ရှိုင်းသူရ ၊လှိုင်းဘိုဘို ၊သိန်းသန်းဝင်း ၊သက်​နိုင်​ စသည့်​လက်​​ရွေးစင်​ကစားသမား အများစုဖြင့်​ပွဲထွက်
လာခဲ့ပြီး ဟံသာဝတီအသင်းကလည်း ​အောင်​​ဇော်​ ၊​အောင်​မျိုး​ထွေး ၊မိုက်​ကယ်​ ၊​အောင်​မျိုးသူရ ၊ဂျိုးဇက်
စသည့်​ အဓိကကစားသမားများဖြင့်​ ပွဲထွက်​လာခဲ့သည်​။

ဟံသာဝတီအသင်းသည်​ ယ​နေ့ပွဲစဉ်​တွင် ရတနာပုံအသင်းကို တိုက်​စစ်​ဖွင့်​ကစားကာ အ​ကောင်းဆုံး တုန့်​ပြန်​ကစားနိုင်​ခဲ့ပြီး ပွဲကစားချိန်​ (၁၈)မိနစ်​တွင်​ တိုက်​စစ်​မှူးဂျိုးဇက်​ဧ။်​ အပိုင်​ကန်​သွင်းချက်​ကို ရတနာပုံအသင်း ဂိုးသမား ချမ်းငြိမ်း​ကျော်​ ကာကွယ်​နိုင်​ခဲ့​သော​ကြောင့်​သာ ဦး​ဆောင်​ဂိုးမရရှိခဲ့ခြင်းဖြစ်​သည်​။ပွဲကစားချိန်​ (၂၃)မိန​စ်​ မှာလည်းရတနာပုံအသင်း ဧ။်​အပိုင်​အခွင့်​အ​ရေးတစ်
ကြိမ်​ကို ဟံသာဝတီဂိုးသမားကာကွယ်​နိုင်​ခဲ့​သော​ကြောင့်​ ရတနာပုံအသင်းဦး​ဆောင်​ဂိုးနှင့်​​ဝေးကွာ
ခဲ့ရသည်​။ပထမပိုင်းတွင်​ နှစ်​သင်းစလုံးမှာအပိုင်​အခွင့်​အ​ရေး နှစ်​ကြိမ်​ထက်​မနည်းရရှိ ခဲ့​သော်​လည်း
အဆုံးသတ်​အားနည်းမှုတို့​ကြောင့်​သာ သ​ရေရလဒ်​ဖြင့်​ပြီးဆုံးခဲ့သည်​။

ဒုတိယပိုင်းပြန်​လည်​စတင်​ချိန်​မှာ​တော့ နှစ်​သင်းစလုံး လူစား​ပြောင်းလဲမှုများပြုလုပ်​ခဲ့ပြီး ဦး​ဆောင်​ဂိုးကို​တော့ ဟံသာဝတီအသင်းကရရှိခဲ့ခြင်းဖြစ်​သည်​။အဆိုပါဂိုးကို​တော့ ပွဲကစားချိန်​ (၅၈) မိနစ်တွင်​ ဟံသာဝတီအသင်း​တောင်​ပံကစားသမား ထက်​လင်းလင်းက ရတနာပုံအသင်းဂိုးသမား
ဧ။်​ ဘယ်​ဘက်​​ထောင့်​ကို အပိုင်​ကန်​သွင်းနိုင်​ခဲ့ခြင်းဖြစ်​သည်​။ပွဲကစားချိန်​(၇၉)မိနစ်​တွင်​ ရတနာပုံအသင်း​ချေပဂိုးရရှိခဲ့ပြီး အဆိုပါဂိုးကို​တော့ လူစားဝင်​ကစားသမား စည်​သူ​အောင်​က လူကျွံ
ထောင်​​ချောက်​ကိုဖြတ်​ပြီးကန်​သွင်းနိုင်​ခဲ့ခြင်းဖြစ်​သည်​။ယ​နေ့ပွဲစဉ်​ဧ။်​အဆုံးသတ်​ဖြစ်​​စေမည့်​သွင်းဂိုး
ကို​တော့ ဟံသာဝတီအသင်းတိုက်​စစ်​မှူး ဂျိုးဇက်​က ပွဲကစားချိန်​ (၈၆)မိနစ်​တွင်​ ၁၆ကိုက်​စည်းအပြင်
ဘက်​က​နေအပြင်းကန်​သွင်းယူခဲ့ခြင်းဖြစ်​သည်​။

MPT Myanmar National League 2018
Yadanarbon 1 – 2 Hantharwady
Htet Lin Lin (58′)
Si Thu Aung (79′) (Yadanarbon)
Joseph (86′)
Full Time..