ရာသီကြို ခြေစမ်းပွဲတွင် ရန်ကုန်အသင်းအား အနိုင်ရခဲ့သည့် ဧရာဝတီယူနိုက်တက်

November 28, 2018

၂၀၁၉ ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့သည် နိုဝင်ဘာ ၂၈ ရက်(ယနေ့) ညနေ ၃း၃၀ က  ရန်ကုန်ယူနိုက်တက်အသင်း၏ လေ့ကျင့်ရေးကွင်းတွင် ခြေစမ်းကစားခဲ့ရာ ဧရာဝတီ အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဧရာဝတီအသင်းအတွက် အနိုင်ဂိုးများကို သီဟဇော်၊ ကျော်မြင့်ဝင်းနှင့် မိုက်ကယ်တို့က သွင်းယူခဲ့ကြပြီး ရန်ကုန်အသင်းအတွက် ချေပဂိုး များကို ကျော်ဇင်ဦးနှင့် ဆီလာ(ပင်နယ်တီ)တို့က ပြန်လည်သွင်းယူပေးခဲ့သည်။ အဆိုပါပွဲတွင် ဧရာဝတီအသင်းသည် လာရောက်ခြေစွမ်း စမ်းသပ်ခံနေသည့် ပြည်ပကစားသမားများကို ထည့်သွင်းအသုံးပြုခဲ့သလို ရန်ကုန်ယူနိုက်တက်အသင်းလည်း လိုအပ်နေသည့် ခံစစ် တစ်နေရာအတွက် ပြည်ပကစားသမားအချို့ကို ထည့်သွင်းစမ်းသပ်ခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဆင့် ၈ နေရာ၌သာ ရပ်တည်ခဲ့ရသည့် ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိသည်။