ပွဲပယ်ပြစ်ဒဏ်ကြောင့် ရခိုင်ယူနိုက်တက်နှင့်ပွဲအား လွဲချော်မည့် ဆောက်သမ်းအသင်း တိုက်စစ်မှူး ကောင်းစည်သူ

July 9, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National league 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-16) ပွဲစဉ်အဖြစ် ဆောက်သမ်းအသင်းသည် လာမည့် လာမည့် ဇူလိုင် ၁၃ ရက်၊ မော်လမြိုင်ကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်းတိုက်စစ်မှူး ကောင်းစည်သူသည် ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။

ဆောက်သမ်းမြန်မာအသင်း တိုက်စစ်မှူး ကောင်းစည်သူသည် အ၀ါကတ် သုံးဝါ ပြည့်ခဲ့သည့်အတွက် သုံးဝါ တစ်ပွဲပယ်ခံရခြင်းဖြစ်သည်။ တိုက်စစ်မှူး ကောင်းစည်သူသည် ဆောက်သမ်းအသင်း၏ အားထားရသည့် ကစားသမားတစ်ဦးဖြစ်ပြီး (Week-15) အပြီးတွင် အသင်းအတွက် ခုနစ်ဂိုး သွင်းယူပေးထားသည်။ ဆောက်သမ်းအသင်းသည် ၁၅ ပွဲကစားပြီးချိန်တွင် လေးပွဲ နိုင်၊ သုံးပွဲ သရေ၊ ရှုံးပွဲ ရှုံး ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး ဧည့်သည်အဖြစ် လာရောက်ကစားမည့် ရခိုင်ယူနိုက်တက်အသင်းသည် ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။

[/fsn_text][/fsn_column][/fsn_row]