တက္ကသိုလ်အသင်းကို အနိုင်ယူကာ ဒုတိယမြောက် နိုင်ပွဲ ရယူခဲ့သည့် ငွေကြယ်ပွင့်လေးများအသင်း

July 18, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-13) ပွဲစဉ်တစ်ပွဲဖြစ်သည့် တက္ကသိုလ် လက်ရွေးစင်အသင်းနှင့် ငွေကြယ်ပွင့်လေးများအသင်းတို့ပွဲတွင် ငွေကြယ်ပွင့်လေးများအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါပွဲတွင် ငွေကြယ်ပွင့်လေးများအသင်းမှ ပွဲစတင်သည်နှင့်တစ်ပြိုင်နက် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲချိန် ၈ မိနစ်တွင် ဂိုးစတင်ရခဲ့သည်။ ငွေကြယ်ပွင့်အသင်းအတွက် ဦးဆောင်ဂိုးကို သက်အောင်က ဂိုးသမားကိုကျော်ဖြတ်ကာ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၃၇ မိနစ်တွင် တက္ကသိုလ်လက်ရွေးစင်အသင်းမှ ပင်နယ်တီရခဲ့ပြီး သိန်းထက်အောင်မှ အမှားအယွင်းမရှိကန်သွင်းကာ ချေပဂိုးရယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် တက္ကသိုလ်လက်ရွေးစင်အသင်းမှ ဦးဆောင်ဂိုးရရန် ကြိုးပမ်းတိုက်စစ်ဆင် ခဲ့သော်လည်း ငွေကြယ်ပွင့်အသင်းမှ ဒုတိယ ဦးဆောင်ဂိုးထပ်မံရခဲ့သည်။ ငွေကြယ်ပွင့်အသင်းအတွက်
ဒုတိယဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် ပထမဂိုးသွင်းယူပေးခဲ့သည့် သက်အောင်မှ ထပ်မံ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်အသင်းအနေဖြင့် လက်ကျန်မိနစ်များတွင် ချေပဂိုးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်းမရခဲ့ သည့်အတွက် ပွဲအပြီးတွင် ငွေကြယ်ပွင့်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ငွေကြယ်ပွင့်အသင်းသည် ယနေ့ပွဲတွင် တက္ကသိုလ်အသင်းကို အနိုင်ရခဲ့သည့်အတွက် ရမှတ် ခြောက်မှတ်ရရှိကာ အဆင့် ၈ နေရာမှ အဆင့် ၇ နေရာသို့ တက်ရောက်နိုင်ခဲ့သည်။ ယနေ့ပွဲတွင် ရှုံးနိမ့်ခဲ့သည့်တက္ကသိုလ်အသင်းသည် အဆင့် ၇ နေရာမှ အဆင့် ၈ သို့ ဆင်းပေးခဲ့ရသည်။ ငွေကြယ်ပွင့်အသင်းသည် လာမည့် ဇူလိုင် ၂၆ ရက်၊ စလင်းကွင်းတွင် ကချင်ယူနိုက်တက်အသင်းနှင့် အမှတ်ပေးနောက်ဆုံးပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။ တက္ကသိုလ်အသင်းသည် လာမည့် ဇူလိုင် ၂၆ ရက်၊ပဒုမ္မာကွင်းတွင် ချင်းယူနိုက်တက်အသင်းနှင့် နောက်ဆုံးပွဲစဉ် အဖြစ် ကစားရမည်ဖြစ်သည်။

[/fsn_text][/fsn_column][/fsn_row]