ဟံသာဝတီ ယူ-၁၉ အသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့် ဆောက်သမ်း ယူ-၁၉ အသင်း

July 22, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League (U-19) 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ ၃း၃၀ က ပဒုမ္မာကွင်းတွင် ဟံသာဝတီ ယူ-၁၉ အသင်းနှင့် ဆောက်သမ်းမြန်မာ ယူ-၁၉ အသင်းတို့ကစားခဲ့ရာ ဆောက်သမ်း အသင်းမှ ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဆောက်သမ်း ယူ-၁၉ အသင်းသည် ပထမပိုင်းတွင် ဟံသာဝတီအသင်းဘက်သို့ တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၂၀ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့သည်။ ဆောက်သမ်းအသင်းအတွက် ဦးဆောင်ဂိုးကို သိန်းတိုး
အောင်က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၃၃ မိနစ်တွင် ဆောက်သမ်းအသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ထက်မင်းဦးက ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ပထမပိုင်းပြီးခါနီးတွင် ဟံသာဝတီအသင်းမှ ပထမ
ချေပဂိုးပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး စည်သူအောင်က တစ်ကိုယ်တော်အစွမ်းဖြင့် လိမ်ခေါက်ကာ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် ဆောက်သမ်းအသင်းမှ နှစ်ဂိုး တစ်ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ဟံသာဝတီအသင်းမှ ချေပဂိုး ပြန်လည်ရရှိရန် ကစားအား တင်ခဲ့ပြီး ဆောက်သမ်းအသင်းမှလည်း ထပ်မံဦးဆောင်ဂိုးများ ရရှိရန် ကြိုးပမ်းခဲ့သည့်အတွက် ပထမပိုင်းထက် ပိုမို
အကြိတ်အနယ်ရှိခဲ့သည်။ ပွဲချိန် ၇၄ မိနစ်တွင် ဆောက်သမ်းအသင်းမှ တတိယဦးဆောင်ဂိုးရခဲ့ပြီး သက်မိုးထွဋ်ဦးက သွင်းယူပေးခဲ့သည်။ တတိယဦးဆောင်ဂိုးရပြီး ခြောက်မိနစ်အကြာတွင် ထပ်မံစတုထ္ထဂိုးရခဲ့ပြီး
ထက်ဝေယံက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၈၄ မိနစ်တွင် ဆောက်သမ်းအသင်းမှ ပဉ္စမဂိုး ထပ်မံရခဲ့ပြီး ဟိန်းစိုးက သွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် ဆောက်သမ်းအသင်းမှ ငါးဂိုး တစ်ဂိုးဖြင့် ဟံသာဝတီအသင်းကို
အနိုင်ရရှိခဲ့သည်။

MPT Myanmar National League (U-19)2019
—————————
Hantharwady 1-5 Southern FT

Thein Toe Aung-20’(Southern)
Htet Min Oo-33’(Southern)
Sithu Aung-45’(Hantharwady)
Thet Moe Htut Oo-74’(Southern)
Htet Wai Yan-80’(Southern)
Hein Soe-84’(Southern)

[/fsn_text][/fsn_column][/fsn_row]