MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက် (၁၄)နှစ် အောက် ဘောလုံးပြိုင်ပွဲ(မန္တလေးဇုန်) ဖွင့်ပွဲ အခမ်းအနားကျင်းပ

July 3, 2019

[fsn_row][fsn_column width=”12″][fsn_text]

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီး ဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပသည့် ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲ မန္တလေးဇုန်၏ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃ ရက်(ယနေ့) နံနက် ၇း၀၀ နာရီက မန္တလေး မြို့၊ မန္တလာသီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာ နေရှင်နယ်လိဂ် COO ဦးဆူးအောင်၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်ရေး ရာဌာန၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးခင်မောင်မြင့်၊ မြန်မာဘရူဝါရီလီမိတက်မှ Deputy Managing Director မစ္စတာ ကာဇူဖူမီ၊Co-Sponsor အသီးသီးမှ တာဝန်ရှိ သူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန် ရှိသူများ၊ အားကစားနှင့်ကာယ ပညာဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြ သည်။

အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက်တွင် မြန်မာနေရှင်နယ် လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဦးစိုးမိုးကျော်၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဈေးကွက်ရေးရာဌာန၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးခင် မောင်မြင့်နှင့် မြန်မာဘရူဝါရီလီမိတက်မှ Deputy Managing Director မစ္စတာ ကာဇူဖူမီတို့မှ မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုးကူညီရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားအစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ တာဝန်ရှိအကြီး အကဲများမှ ကွင်းအတွင်းသို့ ဘောလုံးကန်သွင်းပေးကာ ၂၀၁၉ ခုနှစ် MPT လူငယ် ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ် ပေးခဲ့သည်။ လူငယ်ဘောလုံးပွဲတော်နှင့် လူငယ်ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် မည့် ကျောင်းသား ကလေးငယ်များအား ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

အစီအစဉ်အရ MPT မှ MPT လူငယ်ဘောလုံးပွဲတော်(မန္တလေးဇုန်)အတွက် ဘောလုံး အလုံး ၂၅၀ ၊ မြန်မာဘရူဝါရီလီမိ တက် Myanmar Care မှလည်း MPT လူငယ် ဘောလုံးပွဲတော်(မန္တလေးဇုန်)အတွက် ဘောလုံး ၁၅၀ တို့အား အသီးသီး လှူဒါန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်မှ လက်ခံရယူခဲ့သည်။ ထို့နောက် ကျောင်းသားကလေးငယ်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကာ ဖွင့်ပွဲအခမ်း အနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ယနေ့ မန္တလာသီရိကွင်းတွင် ကျင်းပခဲ့သည့် MPT လူငယ်ဘောလုံးပွဲတော်(မန္တလေးဇုန်)တွင် ကျောင်းသား ကလေး သူငယ်စုစုပေါင်း ၂၆၀ ဦး ၀င်ရောက်ဆင်နွဲခဲ့သည်။ ထို့ပြင် ဇူလိုင် ၄ ရက်တွင် စတင်ကျင်းပမည့် MPT အသက်(၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲ(မန္တလေးဇုန်)တွင် စုစုပေါင်း ပြိုင်ပွဲဝင် အသင်း ၁၂ သင်း ၀င်ရောက်ကစားမည်ဖြစ်သည်။

[/fsn_text][/fsn_column][/fsn_row]