ဇွဲကပင်အသင်းအား အနိုင်ယူကာ အမှတ်ပေးဇယား ဆက်လက်ဦးဆောင်ခဲ့သည့် ISPE(A) အသင်း

July 30, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-23) ပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၃၀ ရက်(ယနေ့) ညနေက စလင်းကွင်းတွင် ဇွဲကပင်အသင်းနှင့် ISPE(A) အသင်းတို့ ကစားခဲ့ရာ ISPE(A) အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ISPE(A) အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၇ မိနစ်တွင် Ban Htoung Kyae ကလည်းကောင်း၊ ပွဲချိန် ၅၇ မိနစ်တွင် ခင်ကျော် ၀င်းက လည်းကောင်း၊ ပွဲချိန် ၈၈ မိနစ်တွင် ဇော်မွန်အောင်က လည်းကောင်း၊ ပွဲချိန် ၉၀+၂ မိနစ်တွင် နန်းထိုက်ဇော်က လည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။ အဆိုပါပွဲတွင် ISPE(A) အသင်းမှ ဇွဲကပင်အသင်းအား ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဦးဆောင်ကစားနိုင်ခဲ့သည်။ ISPE(A) အသင်းသည် ဇွဲကပင် အသင်းကို အနိုင်ရခဲ့ သည့်အတွက် ၁၈ ပွဲ ကစားပြီး တွင် ၁၅ ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၄၇ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်နေသည်။