ဆီးရီးယားအသင်းကို သရေကျပြီး အာရှခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာ့လက်ရွေးစင်ယူ-၁၇ အသင်း
နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် 2026 AFC U-17 Asian Cup qualification အဆင့်တွင် မြန်မာအသင်းသည် အုပ်စု (G)တွင် အာဖဂန်နစ္စတန်၊ နီပေါ၊ အိုမန်၊ဆီးရီးယားအသင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် အာဖဂန်နစ္စတန်အသင်းကို သုံးဂိုး၊တစ်ဂိုး၊ အုပ်စုဒုတိယပွဲတွင် နီပေါအသင်းကို လေးဂိုး၊ဂိုးမရှိ၊ အုပ်စုတွင်း ခြေစစ်ပွဲအောင်မြင်ရန် ရေပန်းအစားဆုံးအသင်းဖြစ်သည့် အိုမန်အသင်းနှင့်ပွဲစဉ်တွင် နှစ်ဂိုး၊ဂိုးမရှိ၊ ဆီးရီးယားနှင့် အုပ်စုနောက်ဆုံးပွဲတွင် ၂-၂ သရေရလဒ် ကစားနိုင်ခဲ့ပြီး ရမှတ် ၁၀ မှတ်ရရှိကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၆ အာရှယူ-၁၇ နောက်ဆုံးအဆင့်ကို ပြိုင်ပွဲဝင် ၁၆ သင်းဖြင့် မေလအတွင်း ဆော်ဒီနိုင်ငံက လက်ခံကျင်းပသွားမည်ဖြစ်သည်။ လက်ရွေးစင် ယူ-၁၇ အသင်းသည်…
ဧရာဝတီယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ တစ်ဂိုးစီ သရေကျ
MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-24) ပွဲစဉ်တစ်ပွဲအဖြစ် အောက်တိုဘာ ၉ ရက်၊ ညနေ (၃:၃၀) သီဟဒီပကွင်းတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၄ မိနစ်တွင် လွှမ်းထက်ထွန်းက သွင်းယူပေးခဲ့ပြီး ဧရာဝတီယူနိုက်တက် အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၃၇ မိနစ်တွင် အောင်ချစ်က သွင်းယူပေးခဲ့သည်။ ယင်းပွဲတွင် AYA Pay Man of the Match ဆုကို ရန်ကုန်ယူနိုက်တက်အသင်းမှ လွှမ်းထက်ထွန်းက ရရှိခဲ့သည်။
MNL (U-21) Youth League 2025 ဘောလုံးပြိုင်ပွဲ (Week-23) ရလဒ်များနှင့် အမှတ်ပေးဇယား
MNL (U-21) Youth League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-23) ရလဒ်များနှင့် အမှတ်ပေးဇယား ရပ်တည်မှုဖြစ်ပါသည်။ (Week-23) အပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာ၌ ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် ၅၂ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၂ နေရာတွင် ISPE အသင်းက ရမှတ် ၅၁ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၃ နေရာတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၄၉ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နေရာတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၇ မှတ်ဖြင့် ရပ်တည်နေသည်။ဒဂုံစတားယူနိုက်တက်အသင်းသည် ရတနာပုံ၊ ISPE ၊ ရှမ်းယူနိုက်တက်အသင်းတို့နှင့် ဆက်လက်ကစားရန် ကျန်ရှိနေပြီး ISPE အသင်းသည် ရခိုင်ယူနိုက်တက်၊…
Something went wrong. Please refresh the page and/or try again.
