အမျိုးသမီးလိဂ် အဖွင့်ပွဲတွင် ISPE ၊ ဧရာဝတီ၊ သစ္စာအားမာန်၊ YREO တို့ နိုင်ပွဲကိုယ်စီ ရရှိ

April 24, 2025

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်များကို ဧပြီ ၂၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး အဖွင့်ပွဲစဉ်တွင် ISPE အသင်း၊ ဧရာဝတီအသင်း၊ သစ္စာအားမာန်အသင်း၊ YREO အသင်းတို့သည် နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြသည်။

ISPE အသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်လည်းကောင်း၊ ဧရာဝတီအသင်းသည် ရှမ်းယူနိုက်တက်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ သစ္စာအားမာန်အသင်းသည် Young Lionesses အသင်းကို လေးဂိုး ဂိုးမရှိဖြင့်လည်း ကောင်း၊ YREO အသင်းသည် မြဝတီအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့ကြသည်။  

Myanmar Women League 2025-2026
Week-1

Shan Utd 0-3 Ayeyawady

San Thaw Thaw – 40’,50’
Naing Naing Win – 82’

Yangon UTD 1-2 ISPE
Shwe Yee Tun 8′
Moe Ma Ma Soe 21′
Su Su Kyi 60′(YGN)

Thitsar Arman 4-0 Young Lionesses

Myat Noe Khin – 44’,57’,84’
Khin Mo Mo Tun-62’


Myawady 0-1 YREO
Hnin Sandar Win 72′