မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့သည် ဇူလိုင် ၂ ရက်(ယနေ့) ညနေက အင်းစိန်မြို့နယ်ရှိ ဟံသာဝတီယူနိုက်တက်လေ့ကျင့်ရေးကွင်း တွင် ခြေစမ်းကစားခဲ့ကြပြီး ဂိုးမရှိ သရေကျခဲ့သည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် လက်ရှိအချိန်တွင် ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲ ကစားထားပြီး သစ္စာအားမာန်အသင်းကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရထားပြီး ရတနာပုံနှင့် သရေကျထားသည်။ ရတနာပုံအသင်းသည်လည်း ရာသီကြို ခြေစမ်းပွဲ နှစ်ပွဲ ကစားထားပြီး ISPE အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးထားပြီး ဟံသာဝတီယူနိုက်တက်အသင်းနှင့် သရေကျထားသည်။
