2025-26 Myanmar National League ll အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်များကို ဩဂုတ် ၃၊ ၄ ရက်များတွင် စတင်ကစားမည်ဖြစ်သည်။ ဩဂုတ် ၃ ရက်၊ ညနေ (၃:၃၀ ) ပဒုမ္မာကွင်းတွင် Silver Stars အသင်းနှင့် မြဝတီအသင်း၊ တက္ကသိုလ် ကွင်းတွင် တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ဩဂုတ် ၄ ရက်၊ ညနေ (၃:၃၀ )တက္ကသိုလ်ကွင်းတွင် ရန်ကုန်စီးတီး အသင်းနှင့် Glory Goal အသင်း၊ပဒုမ္မာကွင်းတွင် YB United အသင်းနှင့် Chinland အသင်းတို့ အသီးသီးကစားကြမည်ဖြစ်သည်။

