၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ်များကို ဩဂုတ် ၃၊ ၄ ရက်များက ကစားခဲ့ပြီး (Week-1)တွင် မြဝတီအသင်း၊ Chinland အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့ နိုင်ပွဲကိုယ်စီ ရခဲ့သည်။

မြဝတီအသင်းသည် Silver Stars အသင်းကို ငါးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ Chinland အသင်းသည် YB United အသင်းကို သုံးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်စီးတီးအသင်းသည် Glory Goal အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်လည်း ကောင်း အသီးသီး အနိုင်ရခဲ့ကြသည်။ တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ပွဲစဉ်သည် ဂိုးမရှိ သရေကျခဲ့သည်။ (Week-1) ပွဲစဉ်များအပြီးတွင် အမှတ်ပေးဇယား အဆင့် ၁ နေရာတွင် မြဝတီအသင်းက ရမှတ်သုံးမှတ်ဖြင့် ရပ်တည်နေပြီး ဒုတိယနှင့် တတိယနေရာများတွင် Chinland အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့က ရမှတ် သုံးမှတ်စီဖြင့်ပင် ရပ်တည်နေကြသည်။

MNL 2 League 2025-26
(Week-1)
Silver Stars 0-5 Myawady
Myat Min Oo 55′
Naing Zin Htet 68′,82′
Lan San Aung 88′,90′
University 0-0 Kachin Utd
YB United 0 – 3 Chinland
Hla Phone Oo 7′,59′
Tint Aung Kyaw 27′
Yangon City 2-1 Glory Goal
Sithu Aung 4′
Hein Htet Sithu 32′
Aung Phyo Min 40′(Glory Goal)
