MNL 2 League 2025-26 အအှတ်ပေးဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်များအပြီးတွင် လက်ရှိချန်ပီယံ Chinland အသင်းသည် နှစ်ပွဲဆက်နိုင်ပွဲနှင့်အတူ အဆင့် ၁ တွင် ဦးဆောင်လျှက်ရှိသည်။

ယခုတစ်ပတ်တွင် Chinland အသင်းသည် ရန်ကုန်စီးတီးအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်လည်းကောင်း၊ ကချင်ယူနိုက်တက်အသင်းသည် YB United အသင်းကို လေးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တက္ကသိုလ်အသင်းသည် Silver Stars အသင်းကို လေးဂိုး တစ်ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရခဲ့ပြီး Glory Goal အသင်းနှင့် မြဝတီအသင်းတို့ပွဲစဉ်သည် တစ်ဂိုးစီ သရေကျခဲ့သည်။
လက်ရှိချန်ပီယံ Chinland အသင်းသည် နှစ်ပွဲဆက် အနိုင်ရပြီး ရမှတ် ခြောက်မှတ်ဖြင့် အဆင့် ၁ တွင် ဦးဆောင်ရပ်တည်နေသည်။ အဆင့် ၂ ၊ ၃ ၊ ၄ နေရာများတွင် မြဝတီအသင်း၊ ကချင်ယူနိုက်တက်အသင်းနှင့် တက္ကသိုလ်လက်ရွေးစင်အသင်းတို့က ရမှတ် လေးမှတ်စီဖြင့် အစဉ်လိုက်ရပ်တည်နေကြသည်။

Myanmar National League II 2025-26
————————-
(Week-2)
Yangon City 1-2 Chinland
Hein Thet Phyo-51’(Chinland)
Hla Phone Oo – 90+1’( Chinland )
Yaw Kusi-83’(Yangon City)
Kachin Utd 4-0 YB United
Sai Aung (43′)(53′)
That Paing Soe (48′)
Chit Htwe(76′)
Glory Goal FC 1 – 1 Myawady FC
Thiha Zaw(1) 13′ (MWD)
Hein Htet Aung 45′
University 4-1 Silver Stars
Aung Myint Myat 10′,61′(P),90+2′
Hlaing Zaw Htet 76′
Thet Aung 18′ ( Silver Stars)
