အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့ တွေ့ဆုံ

August 17, 2025

၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ(ASEAN MSIG Serenity Cup 2025) ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းနှင့် ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Myanmar Women League ကလပ်အသင်းများမှ ကစားသမားများဖြင့် စုဖွဲ့ထားသည့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သလို ဩစတြေးလျအသင်းသည်လည်း ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ်အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့ ကစားမည့် ဗိုလ်လုပွဲစဉ်ကို လာမည့် ဩဂုတ် ၁၉ ရက်၊ ည (၇:၃၀) Lạch Tray ကွင်း၌ ကစားမည်ဖြစ်သည်။
မြန်မာအသင်းနှင့် ဩစတြေးလျအသင်းတို့သည် အုပ်စုတွင်း၌ တွေ့ဆုံခဲ့ပြီး အုပ်စုတွင်း တွေ့ဆုံမှုတွင် မြန်မာအသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။