MNL 2 League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-3) ပွဲစဉ်များကို ဩဂုတ် ၂၈၊ ၂၉ ရက်များက ဆက်လက်ကစားခဲ့ပြီး (Week-3) တွင် မြဝတီအသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်း၊ ရန်ကုန်စီးတီးအသင်းတို့ နိုင်ပွဲကိုယ်စီ ရခဲ့ကြသည်။

မြဝတီအသင်းသည် Chinland အသင်းကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယင်းပွဲတွင် မြဝတီအသင်းသည် တစ်ယောက်လျော့ နှစ်ဂိုး ရှုံးနေရာကနေ ပွဲအပြီးတွင် သုံးဂိုး နှစ်ဂိုးရလဒ်ဖြင့် ပြန်လည်အနိုင်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ တက္ကသိုလ်လက်ရွေးစင်အသင်းသည် YB Utd အသင်းကို ၇-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရန်ကုန်စီးတီးအသင်းသည်လည်း Silver Stars အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Glory Goal အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ပွဲစဉ်သည် တစ်ဂိုးစီ သရေကျခဲ့သည်။
(Week-3) အပြီးတွင် တက္ကသိုလ်အသင်းနှင့် မြဝတီအသင်းတို့က ရမှတ် ခုနှစ်မှတ်စီဖြင့် အဆင့် ၁ နှင့် ၂ နေရာတို့တွင် ရပ်တည်နေသည်။ အဆင့် ၃ ၊ ၄ နေရာများတွင် Chinland အသင်းနှင့် ရန်ကုန်စီးတီးအသင်းတို့က ရမှတ် ခြောက်မှတ်စီဖြင့် အသီးသီးရပ်တည်နေကြသည်။

MyanmarNationalLeagueII
Week3
Myanmar National League ll 2025-26
(Week-3 )
Glory Goal 1-1 Kachin Utd
Thein Toe Aung – 65’
Chit Htwe – 90+2′(KU)
Silver Stars 1-3 Yangon City
Yaw Everett Boateng 8′
Kyaw Zin Lwin 45+3′
Sithu Aung 57′
That Win Tun 19′( S Stars)
University 7-3 YB Utd
Zin Myo Aung -8′ 51′ 71′ 81′
Aung Myint Myat 45+1′ 80′
Htet Myat Ko 53’67′(YB)
Hlaing Zaw Htet 64′
Aung Ko Naing 78’YB FT
Chinland 2-3 Myawady
Hein Thet Phyo 24′
Telesphore N Doua 54′
Kaung Htet Lin 76′,90′
Ye Pyae Naung 90+2′
