AFC Challenge League တွင် အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် ရှမ်းယူနိုက်တက်

November 1, 2025

2025-26 AFC Challenge League ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု သုံးပွဲကစားအပြီးတွင် သုံးပွဲစလုံး ရှုံးကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု(E) တွင် အင်ဒိုနီးရှားကလပ် Dewa United အသင်း၊ တရုတ်(တိုင်ပေ)ကလပ် တိုင်နန်စီးတီးအသင်း၊ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် တိုင်နန်စီးတီးအသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့်လည်းကောင်း၊ အုပ်စု ဒုတိယမြောက်ပွဲစဉ်တွင် ဖနွမ်းပင်ခရောင်းအသင်းကို သုံးဂိုး တစ်ဂိုးဖြင့်လည်းကောင်း၊ အုပ်စု တတိယမြောက်ပွဲစဉ်တွင် Dewa United အသင်းကို လေးဂိုး တစ်ဂိုးဖြင့်လည်းကောင်း အသီးသီး ရှုံးခဲ့ကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။