ပထမအကျော့အပြီး ရာသီဝက် ချန်ပီယံဖြစ်ခဲ့သည့် မြဝတီ

November 5, 2025

Myanmar National League ll 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-7) ပထမအကျော့ အပြီးတွင် မြဝတီအသင်းက ရမှတ် (၁၆)မှတ်ဖြင့် ရာသီဝက် ချန်ပီယံဖြစ်ခဲ့သည်။

အမှတ်ပေးဇယားအဆင့်(၂)နေရာတွင် ချင်းလန်းအက်ဖ်စီအသင်းက မြဝတီအသင်းနှင့် ဂိုးကွာခြားချက်ဖြင့် အဆင့်(၂) နေရာတွင် ရပ်တည်နေပြီး ရန်ကုန်စီးတီးအသင်းက ရမှတ် (‌၁၄) မှတ်ဖြင့် အဆင့် (‌၃)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
အမှတ်ပေးဇယားအဆင့် (၇)နှင့် အဆင့် (၈)တို့တွင် Silver Stars အသင်းနှင့် YB United အသင်းတို့ ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။