
၂၀၂၅-၂၆ အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲ (AFC Women’s Champion League 2025-26) အုပ်စု (C) အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အုပ်စု(C)တွင် ISPE အမျိုးသမီးအသင်းသည် တောင်ကိုရီးယားကလပ် Suwon အသင်း၊ ဂျပန်ကလပ် Tokyo Verdy အသင်း၊ မြောက်ကိုရီးယားကလပ် Naegohyang အသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေသည်။
ISPE အမျိုးသမီးအသင်းသည် နိုဝင်ဘာ ၉ ရက်၊ ည (၇:၀၀) သုဝဏ္ဏကွင်းတွင် Suwon အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်၊ ညနေ (၃:၀၀) သုဝဏ္ဏကွင်းတွင် ဂျပန်ကလပ် Tokyo Verdy အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၁၅ ရက် ၊ ည (၇:၀၀) သုဝဏ္ဏကွင်းတွင် မြောက်ကိုရီးယားကလပ် Naegohyang အသင်းနှင့်လည်းကောင်း အသီးသီးကစားရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အုပ်စုသုံးအုပ်စုမှ အုပ်စု ပထမ၊ ဒုတိယရရှိသည့် အသင်းနှစ်သင်းသည် ကွားတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည့်အပြင် အကောင်းဆုံးအုပ်စု တတိယ နှစ်သင်းသည်လည်းကောင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်ကြေးအဖြစ် ရိုးရိုးတန်း နှစ်ထောင်ကျပ်နှင့် အထူးတန်း ငါးထောင်ကျပ် သတ်မှတ်ထားသည်။
ဆုကြေးခံစားခွင့်
Group stage: $100,000
Quarter-finals: $80,000
Semi-finals: $120,000
Runners-up: $500,000
Champions: $1,000,000

