AYA Pay အကောင်းဆုံးကစားသမားဆုကို ဒဂုံပေါ့ နောက်ခံလူ ထွန်းထွန်းသိန်း ရရှိ

January 6, 2026

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11 )ပွဲစဉ် တစ်ပွဲ အဖြစ် ဇန်နဝါရီ ၅ ရက်(ယနေ့) ညနေ (၄:၀၀)က သုဝဏ္ဏကွင်းတွင် ရာမညယူနိုက်တက်အသင်းနှင့် ဒဂုံပေါ့အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ဒဂုံပေါ့အသင်း နောက်တန်းကစားသမား ထွန်းထွန်းသိန်းက ရခဲ့သည်။
ရာမညယူနိုက်တက်အသင်းနှင့် ဒဂုံပေါ့အသင်းတို့ ပွဲတွင် ဒဂုံပေါ့အသင်းက ခုနစ်ဂိုး နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲတွင် ဒဂုံပေါ့ နောက်တန်းကစားသမားထွန်းထွန်းသိန်း (ကျောနံပါတ် ၁၂)သည် ခြေစွမ်းပေါ်လွင်ခဲ့သည့် အပြင် အသင်းအတွက် သွင်းဂိုး နှစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ထွန်းထွန်းသိန်းသည် ပွဲစဉ်အပြီးတွင် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိ ခဲ့ခြင်းဖြစ်သည်။
ထွန်းထွန်းသိန်းသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို အာရှလက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ဦးတင်အောင်က ချီးမြှင့် ပေးခဲ့သည်။
Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။