
Myanmar National League II 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိခဲ့သည့် ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
သွင်းဂိုး ၂၂ ဂိုးသွင်းယူပြီး ချင်းလန်းအသင်း လိဂ်-၂ အမှတ်ပေးချန်ပီယံဖြစ်စေရန် ကူညီပေးနိုင်ခဲ့သည့် လှဘုန်းဦးသည် လက်ရွေးစင်အသင်းပဏာမလူစာရင်းတွင် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
မြန်မာအသင်းသည် မတ်လ ၂၆ ရက်တွင် အာဖဂန်နစ္စတန်၊ မတ်လ ၃၁ ရက်တွင် ပါကစ္စတန်အသင်းတိုနှင့်၂၀၂၇ အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
