Myanmar National League 2019 ပြိုင်ပွဲများအတွက် ပွဲစဉ်ဇယား ညှိနှိုင်းအစည်း အဝေး ကျင်းပ

October 17, 2018

၂၀၁၉ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲများအတွက် ပွဲစဉ်ဇယားနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ ၁၇ ရက်(ယနေ့) မွန်းလွဲတစ်နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း၊ ပထမထပ်ရှိ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

အစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်၊ COO ဦးဆူးအောင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကွင်းရုံတာဝန်ခံ ဦးကျော်လင်းထွေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင် နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်-၁ ကလပ်အသင်း ၁၂ သင်းမှ အသင်းတာဝန်ရှိ သူများ၊ လိဂ်-၂ မှ ကလပ်အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနေရှင်နယ်လိဂ် CEO ဦးစိုးမိုးကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တစ်ဆက် တည်းပင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပမည့် MNL-I, MNL-II, U-21, U-19, U-20, U-18 အမှတ်ပေးဘောလုံးပြိုင်ပွဲများ ကျင်းပရန် လျာထားမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားမည့် ရာသီကြို ကွင်းဖွင့်ဖလား (Charity Cup) ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ ၆ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။ အသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်မည့်  2019 MNL-1 အမှတ်ပေးဘောလုံးပြိုင်ပွဲ ကို လာမည့် ဇန်န၀ါရီ ၁၂ ရက်တွင် စတင်မည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ အသင်း ခုနစ်သင်း(သို့မဟုတ်) ရှစ်သင်း ပါဝင်ယှဉ်ပြိုင်မည့် 2019 MNL – II အမှတ်ပေး ဘောလုံးပြိုင်ပွဲကို လာမည့် ဇန်န၀ါရီ ၂၅ ရက်တွင် စတင်မည်ဖြစ်ပြီး ဇူလိုင် ၂၆ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ အလားတူ 2019 MNL (U-21) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို လာမည့် ဇန်န၀ါရီ ၁၈ ရက်တွင် လည်းကောင်း၊ 2019 MNL (U-19) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီ ၅ ရက်တွင် လည်းကောင်း၊ 2019 MNL (U-20) အမှတ်ပေး ဘောလုံး ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် လည်းကောင်း၊ 2019 MNL (U-18) အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် လည်းကောင်း အသီးသီး ကျင်းပရန် စီစဉ်ထားသည်။

ထို့နောက် တက်ရောက်လာသည့် ကလပ်အသင်းအချို့မှ ပွဲစဉ်ဇယားနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး မြန်မာနေ ရှင်နယ် လိဂ် CEO ဦးစိုးမိုးကျော်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။