Silver Stars အသင်းကို ထိုက်တန်စွာ အနိုင်ယူခဲ့သည့် Royal Thanlyin အသင်း

June 15, 2018

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန် ၁၅ ရက်(ယနေ့) ညနေ ၃း၃၀ က ပဒုမ္မာကွင်းတွင် Royal Thanlyin အသင်းနှင့် Silver Stars အသင်းတို့ ကစားခဲ့ရာ Royal Thanlyin အသင်းက ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။


ပထမပိုင်းတွင် ဦးဆောင်ဂိုးစတင်ရရှိရန် Royal Thanlyin အသင်းက တိုက်စစ်အသားပေး ကစားခဲ့ပြီး Silver Stars အသင်းမှလည်း အကောင်းဆုံး ခုံခံကစားခဲ့သည်။ သို့သော် ပွဲချိန် ၂၇ မိနစ်တွင် Royal Thanlyin အသင်းမှ ဦးဆောင်ဂိုး စတင်ရခဲ့ပြီး တိုက်စစ်မှူး တေလာက သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် Royal Thanlyin အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။


ဒုတိယပိုင်း ပြန်လည်စတင်ရာတွင်လည်း နှစ်သင်းစလုံး ဂိုးရမည့် အခွင့်အရေး ကိုယ်စီရရှိခြဲ့ပီး Royal Thanlyin အသင်းက ရရှိလာသည့် အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ Royal Thanlyin အသင်းအတွက် ဒုတိယ ဂိုးကို Elysee က ၅၈ မိနစ်တွင် သွင်းပေးသည်။ ပွဲချိန် ၆၈ ၊ ၆၉ နှင့် ၈၅ မိနစ်များတွင် တတိယဂိုး၊ စတုထ္ထနှင့် ပဉ္စမဂိုးများ ထပ်မံရခဲ့ပြီး တိုက်စစ်မှူး တေလာ တစ်ဦးတည်းက ထပ်မံသွင်းယူပေးခဲ့သည်။ Silver Stars အသင်းသည် ဂိုးရရှိမည့် အခွင့်အရေးများစွာ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်သည့်အတွက် ရဂိုး တစ်ဂိုးမျှပင် ပြန်လည်မရခဲ့ခြင်းဖြစ်သည်။ ပွဲကစားချိန် ပြီးဆုံးရာတွင် Royal Thanlyin အသင်းက ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။