ဇွဲကပင်​ယူနိုက်​တက်​အသင်းကိုအနိုင်​ရရှိခဲ့​သောရတနာပုံအသင်း။

February 25, 2018

MPT Myanmar National League Week-7 ပွဲစဉ်​များမှ ပွဲစဉ်​တစ်​ပွဲဖြစ်​​သော ရတနာပုံ အသင်းနှင့်​ဇွဲကပင်​ယူနိုက်​တက်​အသင်းတို့သည်​ ယ​နေ့ည​နေ(၄)နာရီအချိန်​က ရတနာပုံအသင်း ဧ။်​အိမ်​ကွင်းဖြစ်​​သော မန္တလာသီရိကွင်းကြီးတွင်​ယှဉ်​ပြိုင်​ကစားခဲ့ကြသည်​။

ရတနာပုံအသင်းသည်​ နိုင်​ပွဲ​​ပျောက်​ဆုံး​နေမှုအဆုံးသတ်​ရန်​အတွက်​ ယ​နေ့ပွဲစဉ်​ကို ရှိုင်းသူရ၊ စည်​သူ​အောင်​၊သက်​နိုင်​၊ရဲကိုဦး၊လှိုင်းဘိုဘို စသည့်​လက်​​ရွေးစင်​ကစားသမားများဖြင့်​ ပွဲထွက်​လာ ခဲ့ပြီး ၊ဇွဲကပင်​ယူနိုက်​တက်​အသင်းကလည်း သန်းထက်​​အောင်​၊​မောင်​​မောင်​ဝင်း၊ညီညီထွန်း၊ကမ်​၊ ဇင်​မင်းထွန်းစသည့်​အဓိကကစားသမားများဖြင့်​ပွဲထွက်​လာခဲ့သည်​။

ယ​နေ့ပွဲစဉ်​တွင်​ရတနာပုံအသင်းသည်​ မြန်​မာ​နေရှင်​လိဂ်​ပြိုင်​ပွဲမှ အသင်းကြီးတစ်​သင်းပီပီ ဇွဲကပင်​အသင်းကို အ​ကောင်းဆုံးဖိအား​ပေးကစားနိုင်​ခဲ့ပြီး ကစားသမားများဧ။်​အဆုံးသတ်​မ​သေ ချာမှုတို့​ကြောင့်​သာ အဖွင့်​ဂိုးကို​စော​စီးစွာမရရှိခဲ့ခြင်းဖြစ်​သည်​။

ရတနာပုံအသင်းအတွက်​တစ်​လုံးတည်း​သောအနိုင်​ဂိုးကို​တော့ပွဲကစားချိန်​(၃၇)မိနစ်​တွင်​ ရှိုင်းသူရဧ။်​ဖန်​တီး​ပေး ပို့မှုမှတစ်​ဆင့်​စည်​သူ​အောင်​ကသွင်းယူနိုင်​ခဲ့ခြင်းဖြစ်​သည်​။

MPT Myanmar National League 2018

Yadanarbon FC 1 – 0 Zwekapin United FC

Sithu Aung (37′)

Full Time..