၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုမှ ပံ့ပိုးငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မည်

May 7, 2018

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၈ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုမှ ပံ့ပိုးငွေ ပေးအပ်ပွဲ အခမ်းအနားကို လာမည့် မေလ ၉ ရက်၊ မွန်းလွဲ ၂း၀၀ နာရီ၊ နိုဗိုတယ်မက်စ် ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စာနယ်ဇင်း သတင်းမီဒီယာများအနေဖြင့် တက်ရောက် သတင်းယူနိုင်ပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲကို မေလ ၁၂ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ကာ မြန်မာနေရှင်နယ်လိဂ် ၁ မှ ၁၂ သင်း၊ မြန်မာနေရှင်နယ်လိဂ် ၂ မှ ၇ သင်း စုစုပေါင်း ပြိုင်ပွဲဝင် ၁၉ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ရှုံးထွက်ဖလားပြိုင်ပွဲကို ၂ဝ၁၅ ခုနှစ်မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အမည်ဖြင့် ပြောင်းလဲ ကျင်းပခဲ့ပြီး ယခုနှစ်ပြိုင်ပွဲမှာ လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုအနေဖြင့် ၂ဝ၁၅ ခုနှစ်တွင် ငွေကျပ် သိန်း ၂ဝဝဝ၊ ၂ဝ၁၆ ခုနှစ်တွင် ငွေကျပ်သိန်း ၃ဝဝဝ နှင့် ၂ဝ၁၇ ခုနှစ်တွင် ငွေကျပ် သိန်း ၃ဝဝဝ ပံ့ပိုးပေးခဲ့သည်။