အပြန်အလှန် သွင်းဂိုးများနှင့်အတူ အမှတ်ခွဲယူခဲ့ကြသည့် GFA နှင့် စစ်ကိုင်းယူနိုက်တက်

June 9, 2018

MPT Myanmar Natonal League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-15) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေ ၄း၀၀ နာရီက သုဝဏ္ဏကွင်းတွင် GFA FC အသင်းနှင့် စစ်ကိုင်းအသင်းတို့ ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီ သရေ ကျခဲ့သည်။

ပထမပိုင်းတွင် GFA FC အသင်းမှ ဦးဆောင်ဂိုးရရှိရန် ဖိအားပေးကစားသော်လည်း ဂိုးအပိုင်ကန်သွင်းခွင့်မရရှိဘဲ စစ်ကိုင်းယူနိုက်တက်အသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ဂိုးရမည့် အခွင့်အရေးများ ရခဲ့သည်။ ပထမပိုင်းအပြီးတွင် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေကျခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် စစ်ကိုင်းအသင်းမှ ဦးဆောင်ဂိုးရရှိရန် ကစားအား တင်ခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့သည်။ စစ်ကိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို Friday က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ပွဲချိန် ၆၃ မိနစ်တွင် GFA FC အသင်းမှ ချေပဂိုးရခဲ့ပြီး Mung Theih Pau က သွင်းပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၇၆ မိနစ်တွင် စစ်ကိုင်းအသင်းမှ ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး Friday မှပင် ထပ်မံသွင်းပေးခဲ့သည်။ သို့သော် နောက်ထပ် နှစ်မိနစ် အကြာတွင် GFA FC အသင်းက ထပ်မံချေပဂိုးသွင်းခဲ့ပြီး Mung Theih Pau က ပင် သွင်းပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်များတွင် ဂိုးထပ်မံသွင်းခဲ့သည့်အတွက် တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျသွားခဲ့သည်။

MPT Myanmar National League 2018

Pos Club P W D L F A GD Pts
1 13 10 2 1 34 12 22 32
2 13 8 3 2 19 8 11 27
3 13 7 3 3 18 11 7 24
4 13 6 5 2 30 15 15 23
5 13 7 0 6 21 15 6 21
6 14 6 2 6 20 22 -2 20
7 14 5 4 5 19 19 0 19
8 13 5 2 6 15 14 1 17
9 13 4 4 5 22 22 0 16
10 15 2 6 7 16 25 -9 12
11 15 2 5 8 12 29 -17 11
12 13 0 2 11 6 40 -34 2