ရာသီပိတ်ပွဲစဉ်တွင် သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည့် Royal Thanlyin အသင်း

July 20, 2018

MPT Myanmar National League II 2018 အမှတ်ပေးချန်ပီယံဖလားအား Royal Thanlyin အသင်း ဆွတ်ခူးရရှိ


MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ရာသီပိတ် (Week-14) ပွဲစဉ်တစ်ပွဲအဖြစ် ဇူလိုင် ၂၀ ရက်(ယနေ့) ညနေက စလင်းကွင်းတွင်Royal Thanlyin အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ  တစ်ဖက်နှစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သည်။


အဆိုပါပွဲ ပထမပိုင်းတွင် Royal Thanlyin အသင်းမှ ပွဲချိန် ၃၀ နှင့် ၃၅ မိနစ်များတွင် Elysee ၊ Taylor တို့၏ သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော် ဒုတိယပိုင်းတွင်ကချင်ယူနိုက်တက်အသင်းမှ ချေပဂိုး နှစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။ ကချင်ယူနိုက်တက်အသင်းအတွက် ချေပဂိုးများကို ပွဲချိန် ၅၂ မိနစ်တွင် အသင်းခေါင်းဆောင် ပေါ်ဒူ
အောင်မှလည်းကောင်း၊ ပွဲချိန် ၉၀ မိနစ်တွင် Arupe Oladimeji တို့က သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ရာသီပိတ်ပွဲစဉ်တွင် Royal Thanlyin အသင်းအနေဖြင့် သရေရလဒ်ဖြင့်သာ ပိတ်သိမ်းနိုင်ခဲ့သော်လည်း ခုနစ်ပွဲ နိုင်၊ လေးပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် ၂၅ မှတ်ဖြင့် MNL II ချန်ပီယံဖြစ်ခဲ့သည်။
ကချင်ယူနိုက်တက်အသင်းသည် သုံးပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။