ဒုတိယပိုင်း သွင်းဂိုးများဖြင့် ဧရာဝတီကို အနိုင်ယူခဲ့သည့် ရန်ကုန်အသင်း

August 15, 2018

MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-23) ၏ ရွှေ့ဆိုင်းပွဲကျန် ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၁၅ ရက်(ယနေ့) ညနေက ပဒုမ္မာကွင်းတွင် ဧရာဝတီ ယူ-၂၁ အသင်းနှင့် ရန်ကုန် ယူ-၂၁ အသင်းတို့ ကစားခဲ့ရာ ရန်ကုန်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

MNL Youth U-21 League 2018

Pos Club P W D L F A GD Pts
1 ISPE (A) 21 18 2 1 46 9 37 56
2 25 14 8 3 44 21 23 50
3 22 12 9 1 43 22 21 45
4 21 13 6 2 32 11 21 45
5 24 11 5 8 42 23 19 38
6 23 10 7 6 40 32 8 37
7 24 9 7 8 30 28 2 34
8 24 6 6 12 29 41 -12 24
9 25 7 3 15 23 46 -23 24
10 22 6 5 11 28 34 -6 23
11 25 6 5 14 31 45 -14 23
12 MFF Youth 20 5 6 9 18 26 -8 21
13 25 4 6 15 20 40 -20 18
14 23 2 3 18 12 60 -48 9

ပထမပိုင်းတွင် ရန်ကုန်အသင်းမှ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် တိုက်စစ်ဦးစားပေးကစားခဲ့သည်။ သို့သော် ဧရာဝတီအသင်းသည် ဘောလုံးရသည်နှင့် တစ်သင်းလုံး ရှေ့သို့တက်ကာ ရန်ကုန်အသင်းအား လူကျွံဘောများဖြင့် ဖမ်းကစားနိုင်ခဲ့သည်။ ပထမပိုင်းတွင် ဂိုးမရှိ သရေကျခဲ့သော်လည်း ဧရာဝတီအသင်းမှ ဂိုးရရှိမည့် အခွင့်အရေး ပိုမိုရခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး တစ်မိနစ်အကြာတွင် ရန်ကုန်အသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် ကောင်းထက်စိုးက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၅၅ မိနစ်တွင် ရန်ကုန်အသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး နေဦးလွင်က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၆ မိနစ်တွင် ရန်ကုန်အသင်းမှ တတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး လူစားဝင်ရောက်လာသည့် ဝေယံမှ သွင်းယူပေးခဲ့သည်။ ပွဲချိန် ၉၀+၂ မိနစ်တွင် ဧရာဝတီအသင်းမှ ချေပဂိုးတစ်ဂိုး ပြန်လည်ရခဲ့ပြီး နေလကိုကိုက သွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် ရန်ကုန်အသင်းက ၃-၁ ဂိုးဖြင့် ဧရာဝတီအသင်းကို အနိုင်ရရှိသွားခဲ့သည်။ စလင်းကွင်းတွင် ကစားခဲ့သည့်ပွဲစဉ်တွင် ISPE(A) အသင်းက သုံးဂိုး ဂိုးမရှိဖြင့် ရခိုင်အသင်းကို အနိုင်ရခဲ့သည်။ သုဝဏ္ဏ မြက်ခင်းတုကွင်း(၁) တွင် ကစားမည့် ဆောက်သမ်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်သည် မိုးသည်း ထန်စွာ ရွာသွန်းခဲ့သည့်အတွက် ကစားနိုင်ခြင်းမရှိဘဲ သြဂုတ် ၁၆ ရက်(နံနက် ၈:၀၀ ) နာရီ၊ သုဝဏ္ဏ၊ မြက်ခင်းတုကွင်း(၁)၌ပင် ပြန်လည် ကစားမည်ဖြစ်သည်။